DVB Logo
Home
မြန်မာသတင်း
အရာတော်မြို့တွင် ရဲတပ်ဖွဲ့ဝင်များ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ
DVB
·
July 30, 2022
အရာတော်မြို့တွင် ရဲတပ်ဖွဲ့ဝင်များ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ရှိ  အမှတ် ၃ အခြေ‌ခံပညာအလယ်တန်းကျောင်းအနီးမှာ လုံခြုံရေးချထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို ဇူလိုင် ၂၉ ရက် မနက်ပိုင်းက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် တယောက် နေရာမှာတင်သေဆုံးသွားပြီး နှစ်ယောက်က အပြင်းအထန် ဒဏ်ရာ ရရှိသွားတယ်လို့   အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"တိုက်ခိုက်မှုအစီအစဉ်က အဆုံးမသတ်ခဲ့ရဘူး။ တကြိမ်‌ဖောက်ခွဲပြီး နောက်ထပ်တိုက်ခိုက်ဖို့ရာ လုပ်နေတုန်းအနီးက ပြည်သူတချို့‌ရောက်လာပြီး ဝိုင်းကြည့်လာတော့ ပြည်သူကို ထိခိုက်မှာစိုးလို့ နောက်ဆုတ်ခဲ့ရတယ်။ Mission တစ်ခုဖြစ်မြောက်အောင်လုပ်ဖို့ဆိုတာ လွယ်တာမဟုတ်ပါဘူး။ အဘက်ဘက်က အခက်ခဲတွေကြားထဲက လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ တစုံတရာဆိုရင် ထွက်မကြည့်ကြဖို့နဲ့ ရှောင်ကွင်းသွားကြဖို့ မေတ္တာရပ်ခံချင်တယ်။”

စစ်ကောင်စီတပ်တွေဟာ တိုက်ခိုက်ခံရရင် ‌ဝိုင်းကြည့်လာတဲ့ ပြည်သူတွေကို ကြောက်လန့်တကြား ရမ်းသန်းပစ်ခတ်တာတွေနဲ့ မတရားဖမ်းဆီးတာတွေလည်း ထင်သလိုလုပ်လေ့ရှိတာကြောင့် ပစ်ခတ်သံတွေနဲ့ ပေါက်ကွဲသံတွေကြားရင် သွားရောက်ကြည့်ရှူစူးစမ်းတာတွေ မပြုလုပ်ကြခြင်းအားဖြင့် ပြည်သူ့တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အရာတော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေ၊ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေနဲ့ သတင်းပေးသူလျှို ဒလန်တွေရှိတဲ့နေရာတွေကို ရှောင်ရှားသွားလာကြဖို့ကိုလည်း အရာတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

အခုလိုတိုက်ခိုက်ခံရမှုအပြီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက အရာတော်မြို့တွင်းနဲ့ မြို့ပြင်တွေမှာ စစ်ဆေးတာတွေနဲ့ ကင်းလှည့်တာတွေပြုလုပ်နေတယ်လို့သိရပြီး ညပိုင်းမှာလည်း မြို့အထွက်မှာ သေနတ်ပစ်ဖောက်သံတွေကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013