DVB Logo
Home
မြန်မာသတင်း
RCSS/SSA တပ်ဖွဲ့က ထိုင်းဘုရင်ကြီးမွေးနေ့ဂုဏ်ပြုအခမ်းအနား ကျင်းပ
DVB
·
July 29, 2022
RCSS/SSA တပ်ဖွဲ့က ထိုင်းဘုရင်ကြီးမွေးနေ့ဂုဏ်ပြုအခမ်းအနား ကျင်းပ
1 / 6
Donate to DVB

၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့ ကျရောက်တဲ့ ထိုင်းနိုင်ငံရဲ့ ဒဿမမြောက်မင်းဆက်ဘုရင် ဝဇီရာလောင်ကွန်းရဲ့ ၇၀ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဂုဏ်ပြုပွဲတွေကို ထိုင်းနိုင်ငံတဝန်းမှာ ကျင်းပခဲ့သလို  ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ RCSS/SSA ကလည်း ကျင်းပခဲ့ပါတယ်။ 

မြန်မာပြည်က ကာလရှည်ကြာ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေကြောင့် သန်းနဲ့ချီတဲ့ ရှမ်းပြည် နယ်က ပြည်သူတွေ ထိုင်းမှာလာရောက်ခိုလှုံနေရကြောင်း၊ ထိုင်းနိုင်ငံနဲ့ထိုင်းပြည်သူတွေကလည်း  လူသားချင်းစာနာစွာလက်ခံထားတာမို့ ကျေးဇူးတင်တဲ့အနေနဲ့ ထိုင်းဘုရင်မွေးနေ့ဂုဏ်ပြုပွဲအခမ်း အနားကို နှစ်စဉ်ကျင်းပခဲ့တာလို့ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံက ဒီဗွီဘီကို ပြောပါ တယ်။ 

“ရှမ်းပြည်နဲ့ ထိုင်းနိုင်ငံဟာ လူမျိုးအရ ဆက်စပ်ပါတယ်၊ နယ်နိမိတ်ချင်းလည်း ဆက်စပ်ပါတယ်။ ကျနော်တို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအနေနဲ့ သျှမ်းပြည်အနာဂတ် အ တွက်သာမက သျှမ်းပြည်သူများအရေး လုပ်ဆောင်နေတာဖြစ်တယ်။ မြန်မာနိုင်ငံတွင်း ကာလာကြာ ရှည်ဖြစ်ပွားတဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခကြောင့် သျှမ်းပြည်သူသန်းချီဟာ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားအဖြစ် ဘဝရှင်သန်မှုအတွက်ရုန်းကန်နေရတာ နှစ်ပေါင်းဆယ်ချီပါပြီ။ ဒါဟာ ထိုင်းနိုင်ငံ၊ ထိုင်းပြည်သူတွေရဲ့ စာနာမှုကြောင့်လည်း ပါပါတယ်။ ဒါကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ ဂုဏ်ပြုမွေးနေ့ပွဲကျင်းပရတာပါ။”

RCSS/SSA ဟာ ယခင် နဝမမြောက်ထိုင်းဘုရင်လက်ထက်ကလည်း ဘုရင်ကြီးမွေးနေ့ (ဖခင်များနေ့) နဲ့ မိဖုရားကြီးသီရိခေတ်မွေးနေ့ (မိခင်များနေ့) အခမ်းအနားတွေ နှစ်စဉ်ကျင်းပခဲ့ပါတယ်။ 

ဒဿမမြောက်ထိုင်း ဘုရင်ကြီးမွေးနေ့ကို RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်း၊ ကျိုင်းတုံခရိုင် အမှတ် ၁ စစ်ဒေသနယ်မြေရှိ လွိုင်ကော်ဝမ်း နဲ့  လွိုင်ဆန်စု၊  ကောင်းမုန်မိန်း စတဲ့စခန်းတွေမှာလည်း မနေ့က ကျင်းပခဲ့ပါတယ်။ 

အဆိုပါအခမ်းအနားတွေမှာ   ဒဿမမြောက်ဘုရင်ကြီးအတွက် မွေးနေ့ပန်း ကလပ် ဆက်သတာ၊ ဂုဏ်ပြုတေးသံပြိုင်သီဆိုတာနဲ့ ဖယောင်းတိုင်ကိုယ်စီထွန်းညှိ ဆုတောင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013