DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်သူများအတွက် အသက်ကယ်ပေးမည့် ပထမဦးဆုံး ရွေ့လျားခွဲစိတ်ခန်း (ဓာတ်ပုံ)
DVB
·
July 28, 2022
ကရင်နီပြည်သူများအတွက် အသက်ကယ်ပေးမည့် ပထမဦးဆုံး ရွေ့လျားခွဲစိတ်ခန်း (ဓာတ်ပုံ)
1 / 13
Donate to DVB

ဆေးရုံဆေးခန်းတွေပါမကျန် စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ် လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ ဒဏ်ခံနေရတဲ့ ကရင်နီဒေသမှာ ဒေသခံပြည်သူတွေအတွက် အသက်ကယ်ပေးနိုင်ဖို့ရည်ရွယ်တဲ့ ရွေ့လျားခွဲစိတ်ခန်းတစ်ခုကို မြေပြင်ကျန်းမာရေးအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့  ဖွင့်လှစ်ထားပါတယ်။

ကရင်နီဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာခြင်းအလင်းတန်းဆေးအဖွဲ့ (Ray Medical Movement) က ဆေးပစ္စည်းကိရိယာအစုံအလင်နဲ့ Rx 622 အမည်ရှိ မော်တော်ယာဉ် ရွေ့လျားခွဲစိတ်ခန်းငယ်ကို တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။

အင်္ဂလိပ်စာလုံး Treatment ကို ဆေးပညာရပ်မှာ Rx လို့အတိုကောက်သုံးနှုန်းပြီး ၂၀၂၂ ခုနှစ် ဇွန်လမှာ ရွေ့လျားခွဲစိတ်ခန်း ပြုလုပ်ပြီးစီးခဲ့တဲ့အတွက် Rx 622  လို့ အမည်ပေးတာလို့ ဆေးခန်းဦးဆောင်သူ ဒေါက်တာရေးက ရှင်းပြပါတယ်။

အဆိုပါ ခွဲစိတ်ခန်းဟာ အရေးပေါ်အသက်ကယ် ခွဲစိတ်မှုတွေပြုလုပ်ဖို့ ရည်ရွယ်ထားပြီး ကရင်နီပြည်အနှံ့ စစ်ရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို အသက်ကယ်နိုင်မယ်လို့ ဒေါက်တာရေးက ပြောပါတယ်။

ရွေ့လျားခွဲစိတ်ခန်း ဖြစ်မြောက်လာဖို့ ငွေကျပ် သိန်း ၅၂၀ လောက် ကုန်ကျခဲ့ပြီး ပုံမှန်လည်ပတ်နိုင်ဖို့ စက်သုံးဆီနဲ့ ဆေးပစ္စည်းအတွက် လစဉ် ခန့်မှန်း ငွေကျပ် သိန်း ၄၀ လောက် ကုန်ကျမယ်လို့လည်း ပြောပါတယ်။ ကားဝယ်ယူဖို့အတွက် NUG MOH နဲ့ KSCC health တို့ကလည်း ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။

Ray Medical Movement အဖွဲ့ဟာ အများပြည်သူကြား လူသိသိပ်မများတဲ့ ဆေးအဖွဲ့ငယ်ဖြစ်လို့ အလှူငွေ တိုက်ရိုက်ရောက်ရှိမှုနည်းပါးနေပြီး ရွေ့လျားခွဲစိတ်ခန်းပုံမှန်လည်ပတ်နိုင်ဖို့ အကူအညီ လိုအပ်နေတယ်လို့လည်း ဒေါက်တာရေးက ပြောပါတယ်။

Photo - Myo Satt Hla Thaw / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013