DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြို့မရဲစခန်းမှူးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
July 24, 2022
ထားဝယ်မြို့မရဲစခန်းမှူးကို စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့မရဲစခန်းမှူးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့  နီစပ်သူတွေတွေက ပြောပါတယ်။

အဖမ်းခံထားရတဲ့ စခန်းမှူးမှာ ဒုရဲမှူး စိုးနိုင်ဖြစ်ပြီး ဇူလိုင် ၁၆ ရက်ကတည်းက ဖမ်းခံထားရ တယ်လို့ သိရပါတယ်။

မြို့ခံတဦးက “သတင်းကြားနေတာကြာပြီ။ အတည်ပြုလို့ မရသေးတော့ မပြောရဲဘူးပေါ့။ အခုတော့ အဖမ်းခံထားရတာ သေချာသလောက်ဖြစ်နေပြီ။” လို့ ပြောပါတယ်။

PDF ကို ထောက်ပံ့တာကြောင့် အဖမ်းခံရတယ်လို့ သတင်းတွေထွက်ပေါ်နေသလို အဂတိလိုက်စားမှုကြောင့် အဖမ်းခံရတယ်၊ လူကုန်ကူးမှု(ထိုင်းနိုင်ငံကို တရားမဝင်လူပို့မှု)ကြောင့် အဖမ်းခံရတယ် စသဖြင့် သတင်းအမျိုးအမျိုး ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “သူက ဖရဲသီးဗျ။ သူ့လိုလူတွေလည်း သူတို့အထဲမှာ အများကြီး ရှိသေးတယ်။ PDF ကို ထောက်ပံ့ထားတာတွေ၊ CDM တွေကို ကူညီပေးတာတွေ ရှိတယ်လို့ ကြားတယ်။” လို့ ဆိုပါတယ်။

ဇူလိုင် ၁၇ ရက်ကလည်း မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအစပ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ အချင်းချင်း ဝေစုမမျှလို့ ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားရာမှ ဒုရဲမှူးကျော်သူဝင်း သေဆုံးခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

စခန်းမှူး ဒုရဲမှူး စိုးနိုင် ဘာကြောင့် အဖမ်းဆီးခံရတယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013