၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပွဲ အုပ်စု ( C ) ပွဲစဉ်မှာ စကော့တလန်အသင်းဟာ မော်ရိုကိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နောက်တဆင့်တက်ရောက်ဖို့ မျှော်လင့်ချက် မှေးမှိန်သွားပါတယ်။
ပွဲအစ စက္ကန့် ၇၀ မှာတင် မော်ရိုကို ကစားသမား အစ္စမေးလ်ဆိုင်ဘာရီက အဖွင့်ဂိုးကို သွင်းယူခဲ့တာပါ။
ပွဲချိန်အတွင်းမှာ စကော့တလန်အသင်းဘက်က ဂျွန်မက်ဂင်န်နဲ့ စကော့မက်တိုမီနေးတို့ ပင်နယ်တီရဖို့ တောင်းဆိုခဲ့ပေမဲ့ ခွင့်ပြုမခံခဲ့ရသလို ဒီပွဲမှာ စကော့တလန်အသင်းက ဂိုးပေါက်တည့်မှု တကြိမ်မှ မရှိခဲ့ပါဘူး။
စကော့တလန်အသင်းအနေနဲ့ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် လာမဲ့ ဇွန် ၂၄ ရက်နေ့ ကစားမဲ့ ဘရာဇီးလ်အသင်းနဲ့ ပွဲစဉ်မှာ မဖြစ်မနေ ရလဒ်ကောင်းရယူဖို့ လိုအပ်နေပါတယ်။










