DVB Logo
Home
မြန်မာသတင်း
ချောင်းဦးမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
July 19, 2022
ချောင်းဦးမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဇူလိုင် ၁၉ ရက် ဒီမနက် ၆ နာရီလောက်က   မုံရွာ နမခကနေ ထွက်လာတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  Farmers Revolution Force (CHU)ကနေ သိရပါတယ်။

မုံရွာ နမခ  ကနေထွက်လာတဲ့ သံချပ်ကာ ကား ၃ စီးအနက်  စစ်သားအင်အားများပြားတဲ့ ပထမဆုံးကားကို ချောင်းဦးမြို့နယ် နတ်ရေကန်နဲ့ ငါးရှန်ရွာကြားမှာ မိုင်းပဒေသာ ၁၀ လုံးခွဲပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

CHU အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက “စစ်(-)များတဲ့ကားကို ရွေးဆော်လိုက်တာ အဲ့အချိန်မှာ အကုန်လုံးကားက အဲ့နေရာမှာ ရပ်တန့်ပြီးတော့ အခုထက်ထိကိုရှိတယ်။ အဲမှာအကောင်တွေကဒဏ်ရာပြင်းထန်တယ်။ ကားတစီးလုံးလိုလို ဒဏ်ရာများများရတယ်ပေါ့လေ။ အကောင်ရေ ၁၂ ကောင်လောက်ပြုတ်တယ်။ အကျိုးအကန်းအပဲ့တွေကတော့အများကြီးပေါ့။ ဒဏ်ရာထိခိုက်သွေးထွက်သံယိုတွေကတော့အများကြီးပဲ” လို့ ပြောပါတယ်။

ကားတစ်စီးကို စစ်ကောင်စီတပ်သား ၃၀ ကျော် ၄၀ ဝန်းကျင်လောက် လိုက်ပါလာပြီး  အဆိုပါ စစ်ကားတွေမှာ  မိုင်းခွဲတိုက်ခိုက်တာမခံရအောင်ကာကွယ်နိုင်တဲ့  နည်းပညာမြင့်   jammer တွေ တပ်ဆင်လာတယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Farmers Revolution Force (CHU)နဲ့ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA-စစ်ကိုင်းခရိုင်တပ်ရင်း၅)တို့ ဦးဆောင်ပြီး ညီနောင်မဟာမိတ်ဖြစ်တဲ့ Zarmini (စစ်ကိုင်းခရိုင်တပ်ရင်း၁)တို့က  ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဇူလိုင် ၁၇ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်ရင်း-၇၀၂ ပြည်သူစွမ်းအားတပ်ပေါင်းစု (PPC) တပ်မဟာ ၇ ၊ အနောက်ပိုင်း စစ်ဒေသခွဲက  ဒီနေ့ ထုတ်ပြန်ပါတယ်။

ဆိပ်ဖြူမြို့နယ် ဝန်ကြီးကျေးရွာအနောက်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၁၇ ရက် ညနေ ၄ နာရီကျော်လောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် ၅၀ လောက် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PPC ရဲ့ ပြင်ပရေးရာနဲ့ ဆေးဘက်ဆိုင်ရာတာဝန်ခံ သုတက ပြောပါတယ်။

“အဲဒီစစ်(...)တွေဟာ အလစ်အငိုက်တိုက်ခိုက်ခံရပြီး အနည်းဆုံး ၈ ယောက်လောက် သေဆုံးနိုင်တယ်၊ ဒဏ်ရာရသူအရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူး။ ကျနော်တို့ ဆုတ်ခွဲတဲ့ ဘက်ကို စစ်(...)တွေ နောက်ရောင်ခံလိုက်လာလို့ လမ်းမှာထောင်ထားခဲ့တဲ့ မိုင်းတွေပေါက်ကွဲပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်။” 

PPC ရဲဘော်တွေကတော့ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပေမဲ့ ထိခိုက် ဒဏ်ရာရသူ အရေအတွက် အတိအကျကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

စစ်ကောင်စီ စစ်ကြောင်းဟာ ဇူလိုင်လ ၅ ရက်၊ ၆ ရက်နေ့ လောက်ကတည်းက အင်အား ၄၀၀ လောက်နဲ့ အဖွဲ့တွေခွဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ စခန်းတချို့ လက်လွှတ်လိုက်ရပြီး ဘေးလွတ်ရာနေရာတွေကို ဆုတ်ခွာခဲ့ကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေကို မွှေနှောက်မီးရှို့ဖျက်ဆီးခဲ့ပြီး တောထဲမှာရှိတဲ့ PDF စခန်းတချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ ဒါ့အပြင် နယ်မြေစိုးမိုးမှု အားနည်းလာတာကြောင့် PDF တွေ မနေနိုင်အောင် ဒေသခံပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးပြီး ပြည်သူနဲ့ PDF ကြားမှာ သွေးကွဲအောင် လုပ်ဆောင်လာတယ်လို့ PPC ရဲ့ ပြင်ပရေးရာနဲ့ ဆေးဘက်ဆိုင်ရာတာဝန်ခံ သုတက ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်းမှာ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013