DVB Logo
Home
မြန်မာသတင်း
မင်းတပ်-မတူပီကားလမ်း ဖြတ်သန်းသွားလာခြင်းမလုပ်ရန် CDF-မင်းတပ် တားမြစ်
DVB
·
July 19, 2022
မင်းတပ်-မတူပီကားလမ်း ဖြတ်သန်းသွားလာခြင်းမလုပ်ရန် CDF-မင်းတပ် တားမြစ်
1 / 3
Donate to DVB

ချင်းပြည်နယ်အတွင်းမှာ ဇူလိုင် ၁၉ ရက်ကစလို့ မင်းတပ်-မတူ ပီကားလမ်းကို မိဘပြည်သူတွေ အနေနဲ့ ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ CDF-မင်းတပ်က တားမြစ်လိုက်ပါတယ်။

ပခုက္ကူအခြေစိုက် တပ်မ-၁၀၁က ထွက်လာတဲ့ ကားစီးရေ ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ ယာဥ်တန်းဟာ ကျောက်ထုမြို့ကို ရောက်နေပြီလို့ သိရပြီး မင်း-တပ်မတူပီးကားလမ်းဘက်ကို တက်လာနိုင်တာကြောင့် ပိတ်လိုက်တာလို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုယောမာန်က ပြောပါတယ်။

မင်းတပ်-မတူပီကားလမ်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ပြီး  နှစ်ဘက် မိုင်းထောင် မိုင်းခွဲတာတွေ ရှိလာနိုင်လို့ ပြည်သူလူထုကိုထိခိုက်မှာစိုးလို့ အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလို တားမြစ်ပိတ်ပင်လိုက်တာလို့ ကိုယောမာန်က ပြောပါတယ်။

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ စစ်ကား ၁၀၅ စီးလောက်ပါတဲ့ စစ်ကြောင်းဟာ ဇူလိုင် ၁၇ ရက်မနက်ပိုင်းမှာ ပေါက်မြို့ကို ဖြတ်ပြီး ယောဒေသဘက်ကို ဦးတည်ထွက်ခွာသွားတယ်လို့ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ SPGF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်နဂါးလေးက ပြောပါတယ်။

“ကားပေါ်မှာတော့ လက်နက်ကြီးတွေပါပုံရတယ်။ မိုးကာကြီးတွေ အုပ်ထားတယ်။ အင်အားက တော့ ယာဥ်မောင်း ၁၀၀ ကျော်လောက်နဲ့ အနောက်ခန်းထဲမှာတော့ စစ်သား ၅၀ လောက်ပါတယ်။”

စစ်ကောင်စီတပ်အင်အား ၂၀၀ လောက်ဟာ ကျောက်ထုကနေ တပြင်းအထိ လမ်းဘေးဝဲယာ ကျေးရွာတွေမှာ လုံခြုံရေးယူထားတယ်လို့ ယောဒေသကာကွယ်ရေးတပ်ပေါင်းစု YRPA ရဲ့ အတွင်းရေးမှူး ဗိုလ်မင်းကျော်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်ကို ထိန်းချုပ်ဖို့ ခက်ခဲလာတဲ့အတွက် စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး အခုအကြိမ်နဲ့ဆိုရင် စစ်ကားအများအပြားနဲ့ စစ်ကြောင်ထိုးတာ ၄ ကြိမ်ရှိပြီလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013