DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၀ ကျော်ထပ်တွေ့
DVB
·
July 19, 2022
မြန်မာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၀ ကျော်ထပ်တွေ့
Donate to DVB

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် အယောက် ၂၀ ကျော် ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၈ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၁၇၅ ခုကို စစ်ဆေးခဲ့ချိန်မှာ အတည်ပြုလူနာသစ် ၂၂ ယောက် တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၃၆ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ မရှိတာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၃၄ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၁၃,၈၃၈ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၅၉၂,၇၄၄ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့လူနာသစ်တွေ စစ်ဆေးတွေ့ရှိရပြီး အဆိုပါ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နဲ့ BA.5 တွေ့ရှိသူ အားလုံးကတော့ ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ကာ သူတို့ကို သတ်မှတ်ရက်အတိုင်း သီးခြားထားရှိ ကုသမှုပေးခဲ့ပြီး  ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့   ကိုဗစ်-၁၉ အသစ်ဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာတယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားသတင်းထုတ်ထားပါတယ်။

အရှေ့တောင်အာရှဒေသတွင်းမှာလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ၂၀ ရာခိုင်နှုန်းနဲ့ သေဆုံးမှု ၁၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း လူနာသစ်တွေ့ရှိမှု မြင့်တက်လာချိန်မှာ   ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ B.A.5 နဲ့ B.A.4 ဖြစ်ပွားနှုန်း များပြားလာခြင်းတို့ ဆက်စပ်မှု ရှိနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမယ့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီးတယ်လို့ NUG အစိုးရက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013