DVB Logo
Home
မြန်မာသတင်း
KNU တပ်မဟာ ၃ နယ်မြေတွင် စစ်ရေးတင်းမာနေ၊ ၃ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံး
DVB
·
July 18, 2022
KNU တပ်မဟာ ၃ နယ်မြေတွင် စစ်ရေးတင်းမာနေ၊ ၃ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံး
Donate to DVB

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် KNU တပ်မဟာ ၃ နယ်မြေမှာ ဇူလိုင် ၁၅ ရက်နေ့ကနေ ဒီနေ့အထိ စစ်ရေးတင်းမာနေပြီး ၃ ရက်အတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၁၂ ဦး ကျဆုံးကာ အရာရှိ အပါအဝင် တပ်ကြပ်ကြီးအဆင့်အထိ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ KNLA က ပြောပါတယ်။ 

တိုက်ပွဲအတွင်း   KNLA တပ်ဘက်ကတော့ UG တဦး ကျဆုံးခဲ့တယ်လို့ KNLA အရာရှိတဦးက ပြောပါတယ်။ 

စစ်ကောင်စီ နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ ဒီကနေ့အထိ တလကျော်ကြာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က အပြစ်မဲ့ရွာသားတွေကို လက်ပြန်ကြိုးတုတ်ဖမ်းလာပြီး လူသားဒိုင်းပြုလုပ်နေတယ်လို့ စစ်ဘေးရှောင်လာတဲ့ အင်တိုင်း ကုန်းရွာခံတဦးက ပြောပါတယ်။ 

တိုက်ပွဲဖြစ်ပွားရာ တောကြောင်ပေါက်၊ ကျောက်စရစ်၊ သောင်ပု၊ လိမ်ပင် နဲ့ မုန်းမြို့အနီးတဝိုက်တွေအထိ စစ်ပွဲတွေဖြစ်လာတယ်လို့ ဆိုပါတယ်။ 

ကျောက်ကြီးမြို့နယ်မှာ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့်  စုစုပေါင်းအနည်းဆုံး ၁၅ ဦး သေဆုံးပြီး ဇူလိုင် ၁၃ ရက်နေ့က ဖမ်းဆီးထားတဲ့ တောကြောင်ပေါက်ရွာသား ၂၇ ဦးကိုတော့ ၁၇ ရက်နေ့က ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013