DVB Logo
Home
မြန်မာသတင်း
မာန်အောင်မြို့ ရှိ KBZ ဘဏ်ဝန်ထမ်း ၂ ဦး ငွေအလွဲသုံးစားမှုဖြင့် ဖမ်းဆီးခံရ
DVB
·
July 18, 2022
မာန်အောင်မြို့ ရှိ KBZ ဘဏ်ဝန်ထမ်း ၂ ဦး ငွေအလွဲသုံးစားမှုဖြင့် ဖမ်းဆီးခံရ
Donate to DVB

ရခိုင်ပြည်နယ် မာန်အောင်မြို့ရှိ KBZ ဘဏ်မှ အကြီးတန်းစာရေး အမျိုးသမီးဝန်ထမ်း ၂ ‌ယောက်ကို ငွေအလွဲသုံးစားလုပ်မှုနဲ့ ဇူလိုင် ၁၆ ရက်က  ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ မာန်အောင်မြို့ ဘဏ်ခွဲတာဝန်ရှိသူတဦးက ပြောပါတယ်။

"လက်ရှိမှာသူတို့ကို ငွေအလွဲသုံးစားပြုမှုနဲ့ မာန်အောင်ရဲစခန်းမှာ ဖမ်းဆီးပြီး အမှုဖွင့်ထားတယ်။ ရဲကတော့ ဘဏ်မှာ စိစစ်မှုတွေ လုပ်နေသေးတယ်။"

သူတို့ နှစ်ဦးဟာ ဘဏ်အကောင့်ပိုင်ရှင် ၉ ဦးဆီကနေ ဘဏ်ခွဲတာဝန်ခံ ခွင့်ပြုချက‌ေမရှိဘဲ ငွေကျပ်သိန်း ၁၈၃၅ သိန်းကို ထုတ်ယူထားကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် အရေးယူပေးဖို့ မာန်အောင် ဘဏ်ခွဲတာဝန်ခံက ရဲစခန်းမှာ လာရောက်တိုင်ကြားတဲ့အတွက် အခုလို ဖမ်းဆီးအမူ ဖွင့်ထားတာပဲ ဖြစ်ပါတယ်။

အခုဖွင့်ထားတဲ့အမှု ပုဒ်မအရ ထောင်ဒဏ် ၇ နှစ်အထိ ကျနိုင်တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ မာန်အောင်မြို့ KBZ ဘဏ်ခွဲက အသက် ၂၉ နှစ်နဲ့ ၃၁ အရွယ် အကြီးတန်းစာရေး အမျိုးသမီး နှစ်ဦးကို ငွေအလွဲသုံးစားလုပ်မှု ပုဒ်မ ၄ဝ၈၊ လက်မှတ်အတု လုပ်မှု ပုဒ်မ ၄၆၈ တို့နဲ့  ဖမ်းဆီးအမှု ဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013