DVB Logo
Home
မြန်မာသတင်း
Kaung For You ကျောင်းသားအချို့ ခြိမ်းခြောက်ငွေတောင်းခံရ
DVB
·
July 15, 2022
Kaung For You ကျောင်းသားအချို့ ခြိမ်းခြောက်ငွေတောင်းခံရ
1 / 3
Donate to DVB

Kaung For You Education အွန်လိုင်းပညာသင်ကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတချို့ဆီ  အချက်အလက်တွေ မပေါက်ကြားချင်ရင် လှူဒါန်းငွေ ၃ လစာကို လွှဲပေးပါဆိုပြီး ဖုန်းမက်ဆေ့ချ်နဲ့  စာပို့ခြိမ်းခြောက်လာတယ်လို့ မိုးကုတ်မြို့က Kaung For You ကျောင်းအပ်နှံထားတဲ့ ကျောင်းသားရဲ့ မိဘက ပြောပါတယ်။ 

ဖုန်းနဲ့ မက်ဆေ့ဂျ်ပို့လာတဲ့ ဖုန်းနံပါတ်က နံပါတ်အစိမ်းဖြစ်နေတာကြောင့် ဘယ်သူက ပို့တယ်ဆိုတာကိုမသိရသလို ကျောင်းသားနဲ့ပတ်သက်တဲ့အချက်အလက်တွေပါ ပါနေတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ 

ကျောင်းသားမိသားစုဝင်တစ်ဦးက “သူတို့ page မှာတင်ထားတာတော့ မပေါက်ကြားဘူးလို့ တင်ထားတယ်။ ဒါပေမဲ့ ပို့လာတယ်ဆိုတော့ ပေါက်ကြားလို့ပေါ့နော်၊ ခက်တာက အခုက ကျောင်းဘက်ကပို့တာလား၊ ဘယ်ကပို့တာလဲဆိုတာကို တိတိကျကျ မသိရတာ"လို့ ပြောပါတယ်။

မက်ဆေ့ချ်မှာ ကျောင်းသားနာမည်၊ မိဘအမည်နဲ့ မှတ်ပုံတင်နံပါတ်တွေပါ ထည့်ထားပြီး ဖုန်းနံပါတ်အစိမ်းနဲ့ ငွေတောင်းတဲ့အပြင် Kaung For You မှာ ပညာသင်ကြားပေးနေတဲ့ CDM ဆရာမတွေလည်း  ဖမ်းဆီးခံထားရတဲ့အတွက် မိဘတွေကစိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ 

ကျောင်းလစာက တလကို ငွေကျပ် ၅၀၀၀၀ နှုန်းနဲ့ ၃ လစာကို ဖုန်း အချင်းချင်း Password နဲ့ လွှဲပေးဖို့ စာပို့လာတာဖြစ်တယ်လို့ပြောပါတယ်။

Kaung For You ကျောင်း တည်ထောင်သူ ဆရာကောင်းသိုက်စိုး ဖမ်းဆီးခံထားရတယ်လို့ သတင်းတွေ ထွက်လာပြီးတဲ့နောက် နိုင်ငံအနှံ့အပြားရှိ  ကျောင်းမှာစာသင်နေတဲ့ ဆရာ၊ ဆရာမတွေ ဆက်တိုက် ဖမ်းဆီးခံနေပါတယ်။

ပညာရေးအခွင့်အရေးက အခြေခံလူ့အခွင့်အရေးဖြစ်ပြီး ဘယ်သူကမှ ပညာသင်ကြားတာ၊ ပညာသင်ယူတာကို အကြောင်းပြုပြီး ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာမပြုသင့်ကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ ဆရာဆရာမတွေကို အခုလို ဖမ်းဆီးတာနဲ့ ခြိမ်းခြောက်နေတာဟာ အခြေခံ လူ့အခွင့်ရေးတရပ်ကို ပြောင်ပြောင်တင်းတင်း ချိုး​ဖောက်တာဖြစ်တယ်လို့ NUG ပညာရေးဌာနက  ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013