DVB Logo
Home
မြန်မာသတင်း
တမူးမြို့တွင် အရပ်သားပြည်သူ ၂ ဦး သတ်ဖြတ်ခံရ
DVB
·
July 15, 2022
တမူးမြို့တွင် အရပ်သားပြည်သူ ၂ ဦး သတ်ဖြတ်ခံရ
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဇူလိုင် ၁၃ ရက်နဲ့ ၁၄ ရက် နှစ်ရက်တာအတွင်း အရပ်သားပြည်သူ နှစ်ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၃ ရက်က တမူးမြို့၊ စော်ဘွား (၄) ရပ်ကွက် နားကုလားတောစပ်မှာ အသက် ၄၀ ကျော်အရွယ် ဦးအောင်အောင်ရဲ့ အလောင်းကို တွေ့ရှိပြီး တမူးမြို့ နာရေးကူညီမှုအသင်းက သွားရောက်သယ်ဆောင်ခဲ့ရပါတယ်။

ဒေသခံတယောက်က “ပစ်သတ်ခံရသူရဲ့ အမျိုးသမီးဟာ ကုန်စိမ်းရောင်းပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်‌နေရပြီး ဦးအောင်အောင် ဘာကြောင့်အသတ်ခံရတယ်၊ ဘယ်အဖွဲ့အစည်းက သတ်ဖြတ်တယ်ဆိုတာ မသိရဘူး” လို့ ပြောပါတယ်။

ဇူလိုင် ၁၄ ရက် ည ၁၂ နာရီဝန်းကျင်ကလည်း တမူးမြို့၊ မြို့မ (၁၃) နေ ဦးဇော်ခိုင် (၃၅ နှစ်) ကို ပျူစောထီးအဖွဲ့ဝင်‌တွေက PDF အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲပြီး သူ့ရဲ့နေအိမ်မှာ သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူ ဦးဇော်ခိုင်ရဲ့အလောင်းကို အိန္ဒိယနယ်စပ် ပန်ကာဝင်ပေါက်နားချောင်းဘေးမှာ အလောင်းကို သွားရောက်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ကိုဇော်ခိုင်ဟာ သုံးဘီးယာဉ်မောင်းသမားတဦးဖြစ်ပြီး တမူးအထက်ပိုင်း ဆရာစံ၊ ဝက်ရှု၊ သံယောဇဉ်ကျေးရွာကို မီးသွေးတိုက် ကယ်ရီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်နေသူဖြစ်ကာ ပျူစောထီးတပ်ဖွဲ့ဝင်တွေက လူမှုရေးကိစ္စ မကျေနပ်ချက်နဲ့ လုပ်ဆောင်တာဖြစ်နိုင်ပြီး ဦးခေါင်းကို တူနဲ့ထုသတ်သွားတယ်” လို့ ပြောပါတယ်။

လတ်တလော တမူးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပြီး တမူးမြို့ပေါ်မှာလည်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့တွေက ဒေသခံတွေကို ခြိမ်းခြောက်ဖမ်းဆီး သတ်ဖြတ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ထိတ်လန့်နေတယ်လို့ တမူးမြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013