DVB Logo
Home
မြန်မာသတင်း
ရေဖြူမြို့က စရဖရုံး ဖောက်ခွဲတိုက်ခိုက်ခံရ
DVB
·
July 14, 2022
ရေဖြူမြို့က စရဖရုံး ဖောက်ခွဲတိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ ဂ ရပ်ကွက် နဝဒေးလမ်းမှာရှိတဲ့ စရဖရုံး အဆောက်အဦဟာ ဇူလိုင် ၁၃ ရက် ည ၁၀ နာရီလောက်က ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖောက်ခွဲခံရမှုကြောင့် အဆောက်အဦ မီးလောင်ပျက်စီးပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။

မြို့ခံတဦးက “ပေါက်ကွဲသံနဲ့ သေနတ်သံတွေကို အရှေ့ဘက်ကမ်းက အရင်ကြားရတယ်။ မကြာဘူး အနောက်ဘက်ကမ်း ရဲစခန်းဘက်ကလည်း သေနတ်သံကြားရတယ်။ မနေ့ညက တိုက်ပွဲဖြစ်နေသလို အသံတွေဆူနေတာပဲ” လို့ ပြောပါတယ်။

အခုဖောက်ခွဲခံရတဲ့ စရဖရုံးရှိတဲ့ နဝဒေးလမ်းထဲမှာ စည်ပင်ရုံး၊ သတင်းတပ်ဖွဲ့ရုံး၊ ရပ်ကွက်ရုံး၊ လဝကရုံးတွေ တည်ရှိနေပါတယ်။

အခုဖြစ်စဉ်ကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့လတွေကလည်း ရေဖြူမြို့က လဝကရုံး၊ ပညာရေးမှူးရုံး၊ စိုက်ပျိုးရေးဘဏ်တွေမှာ အခုလို ညပိုင်း ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိခဲ့ရသလို အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာလည်း မတွေ့ခဲ့ရပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013