DVB Logo
Home
မြန်မာသတင်း
လောင်းလုံးမြို့နယ် စရဖရုံး တိုက်ခိုက်ခံရ
DVB
·
December 6, 2023
လောင်းလုံးမြို့နယ် စရဖရုံး တိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ စစ်ဘက်ဆိုင်ရာ လုံခြုံရေးရုံး (စရဖရုံး) ကို ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လောင်းလုံးမြို့ခံတဦးက “မနက်စောစော လာပစ်ကြတယ်။ အသံတွေကြားရတာ ခဏပါပဲ။ လာပစ်ကြတာလောက်ပဲ ထင်တယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက လောင်းလုံး အထကအနီးရှိ လမ်းဆုံမှာ အစစ်အဆေး တင်းကျပ်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ထိခိုက်မှုအခြေအနေ အသေးစိတ်နဲ့ ဘယ်အဖွဲ့က  ဒီဇင်ဘာ ၆ ရက် ညနေပိုင်းအထိ ထုတ်ပြန်တာ မတွေ့ရသေးတာကြောင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လောင်းလုံးမြို့က စရဖရုံးဟာ အခုတကြိမ် အပါအဝင် ၂၀၂၃ ခုနှစ်အတွင်း တိုက်ခိုက်ခံနေရတာ နှစ်ကြိမ်ရှိနေပြီလို့ သိရပါတယ်။

အခုနှစ် မတ်လက လောင်းလုံး စရဖရုံး အပါအဝင် လောင်းလုံးမြို့က လဝကရုံးနဲ့ ရဲစခန်းတို့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မှတ်တမ်းအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013