DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တရက်တည်း ဗုံးပေါက်ကွဲမှု ၇ ကြိမ်ထက်မနည်းဖြစ်ပွား
DVB
·
July 13, 2022
ရန်ကုန်တွင် တရက်တည်း ဗုံးပေါက်ကွဲမှု ၇ ကြိမ်ထက်မနည်းဖြစ်ပွား
Donate to DVB

ရန်ကုန်တိုင်းအတွင်းရှိ  စမ်းချောင်း၊ တာမွေ၊ မြောက်ဥက္ကလာပ၊ သန်လျင်နဲ့ မြောက်ဒဂုံ စတဲ့မြို့နယ်တွေမှာ ဇူလိုင် ၁၂ ရက် တရက်တည်း ဗုံးပေါက်ကွဲမှု ၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးပြောက်ကျားအဖွဲ့ဝင်တယောက်က “ဒီထဲက နေရာအတော်များများမှာ အမှန်တကယ် ဗုံးပေါက်ကွဲခဲ့ပါတယ်။ မဟာမိတ်အဖွဲ့နဲ့ လုပ်ဆောင်တာပါ။ ကျနော်တို့အနေနဲ့ ကြိုတင်သတိပေး ကြေညာပြီးမှပဲ ဖောက်ခွဲမှုတွေ ပြုလုပ်တာပါ။ အရင်လို ထုတ်ပြန်ချက်တွေ မထုတ်ဘူးဆိုတာလည်း ကျနော်တို့ရဲ့ ညီနောင် မဟာမိတ်တွေက မထုတ်ပြန်စေချင်လို့ပါ” လို့ ပြောပါတယ်။

ရန်ကုန်မြို့အတွင်းရှိ မြို့ပြပြောက်ကျားအဖွဲ့တွေ စုစည်းပြီး မဟာမိတ်အဖြစ် ပူးပေါင်းကာ ဇူလိုင် ၁၀ ရက်မှ ၁၇ ရက်အထိ စစ်ကောင်စီတပ်တွေရှိရာ နေရာတွေကို ပစ်မှတ်ထား ဖောက်ခွဲမယ်လို့ အသိပေးကြေညာထားတဲ့အတိုင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ တချို့ရှိခဲ့ပါတယ်။

ဖောက်ခွဲမှုကြောင့် အပြစ်မဲ့ပြည်သူလူထု ထိခိုက်မှု မရှိစေဖို့လည်း မြို့နယ်ပြောက်ကျားတပ်ဖွဲ့တွေက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကြိုတင်သတိပေးစာတွေ ထုတ်ပြန်ထားရှိခဲ့ပါတယ်။

သူတို့ရဲ့ လုပ်ငန်းစဉ်တွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာမဖြစ်အောင် အတတ်နိုင်ဆုံး ဂရုစိုက်မှာဖြစ်ပေမဲ့ မတော်တဆ ထိခိုက်မှုရှိခဲ့ရင် ကိုယ်တိုင်ကိုယ်ကျ တောင်းပန်မှာဖြစ်ကြောင်းလည်း ရန်ကုန်ပြောက်ကျားအဖွဲ့တွေက ဆိုပါတယ်။

မနေ့က တာမွေ အောင်မင်္ဂလာလမ်းထိပ်မှာ စစ်ကောင်စီတပ်တွေကို ဖောက်ခွဲတိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ မိုင်းထောင်ထားတဲ့နေရာမှာ ပြည်သူတွေ ဝိုင်းအုံကြည့်ရှုနေတဲ့အတွက်   ဖောက်ခွဲမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။ 

လက်ရှိအခြေအနေမှာ ပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ အတွင်းဒလန်တွေကိုလည်း အထူးသတိထားနေရပြီး အခက်အခဲတွေကြားက စစ်ကောင်စီတပ်တွေနဲ့ သူတို့ရဲ့ဒေါက်တိုင်တွေကို တိုက်ခိုက်မှု ပြုလုပ်နေရတဲ့အတွက် ခက်ခဲတဲ့အခြေအနေ ဖြစ်ကြောင်း၊ ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်တွေရှိရာ နေရာတွေကို ရှောင်ကွင်းသွားလာဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ မစ်ရှင်ပြုလုပ်ရာနေရာ ပတ်ဝန်းကျင်တွေမှာရှိတဲ့ CCTV တွေကတဆင့် ပြောက်ကျားအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အလွယ်တကူ ပြန်လည်တွေ့မြင်နိုင်တာကြောင့် အဖွဲ့ဝင်တချို့ကို လွတ်မြောက်ရာ နယ်မြေဒေသတွေကို ပို့ဆောင်ထားရပြီး လှုပ်ရှားမှုပြုလုပ်ရ ခက်ခဲတာကြာင့် ပြည်သူလူထုအနေနဲ့ ဝိုင်းဝန်းကူညီကြဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013