DVB Logo
Home
မြန်မာသတင်း
လောင်းရှည်ဒေသသို့ စစ်ရှောင်လာသည့် ပြည်သူ ၄၀၀ ကျော်အတွက် အရေးပေါ်အကူအညီ လိုအပ်
DVB
·
July 13, 2022
လောင်းရှည်ဒေသသို့ စစ်ရှောင်လာသည့် ပြည်သူ ၄၀၀ ကျော်အတွက် အရေးပေါ်အကူအညီ လိုအပ်
1 / 3
Donate to DVB

မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်ဒေသအတွင်းမှာ ဆိပ်ဖြူမြို့နယ်ဘက်က စစ်ဘေးရှောင်လာတဲ့ ပြည်သူ ၄၀၀ ကျော်အတွက် အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ လောင်းရှည်-PDF(YRPA) က ပြောပါတယ်။

ဆိပ်ဖြူမြို့နယ်နဲ့ ယောနယ်အစပ်က ပိုင်းကျေးရွာ၊ ရှားလှရွာ၊ ဝန်ကြီးရွာတွေဘက်ကို ဇူလိုင် ၇ ရက်နေ့ကစတင်ကာ ချောက်အခြေစိုက် ခလရ (၁၃) က စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးလာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတယ်လို့ လောင်းရှည်-PDF ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မာဂ က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစစ်ကြောင်းထိုးခံရတဲ့ ရွာတွေနဲ့ နီးတဲ့ အိုင်းကြီး၊ စိုက်ခင်းနဲ့ ဖလံမ ကျေးရွာက ပြည်သူတွေဟာ စစ်ကြောင်းထိုးမှာ လက်နက်ကြီးကျမှာတွေကို ကြောက်ပြီး ယောနယ်ထဲက ကျနော်တို့ လောင်းရှည်ဒေသ LSR-PDF ရဲ့ ထိန်းချုပ်နယ်မြေထဲကို ဒေသခံပြည်သူ ၄၀၀ ကျော်လောက် ထွက်ပြေးခိုလှုံလာကြတယ်။ အစပိုင်းမှာတော့ စစ်ဘေးရှောင်ပြည်သူဦးရေဟာ လေးငါး ဆယ်လောက်ပဲ ရှိရာကနေ တဖြည်းဖြည်းနဲ့ တိုးလာတာ ၄၀၀ ကျော်လောက်အထိ ရှိလာပြီး နောက်ထပ်လည်း ထပ်မံရောက်ရှိမှာဖြစ်လို့ အကူညီတွေလိုအပ်နေတယ်။” 

လတ်တလောမှာတော့ LSR-PDF က စစ်ရှောင်တွေအတွက် သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ မိုးကာတဲတွေနဲ့ လုံခြုံတဲ့ အဆောက်ဦတွေမှာ နေရာထိုင်ခင်းတွေ စီစဥ်ပေးပြီး နေရာချထားတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် မိုးတွင်းကာလဖြစ်လို့ ခြင်ထောင်၊ စောင်၊ အဝတ်အထည်၊ ဆေးဝါး၊ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်အကူညီလိုအပ်နေလို့ ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ LSR-PDF ကနေတဆင့် ဆက်သွယ်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။

ဆိပ်ဖြူမြို့နယ်အတွင်းကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ဇူလိုင် ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီဘက်က ၁၆ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013