DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်-မော်ချီးလမ်းကို တပတ်လျှင် ၃ ရက်သာ သွားခွင့်ပြုထားဟု ကရင်နီပြည်အစိုးရ ထုတ်ပြန်
DVB
·
July 12, 2022
လွိုင်ကော်-မော်ချီးလမ်းကို တပတ်လျှင် ၃ ရက်သာ သွားခွင့်ပြုထားဟု ကရင်နီပြည်အစိုးရ ထုတ်ပြန်
Donate to DVB

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်မှာ ခရီးသွားယာဉ်မောင်းတွေအနေနဲ့ လွိုင်ကော်-မော်ချီး လမ်းမကြီးကို သီတင်းတပတ်မှာ ၃ ရက်သာ ဖြတ်သန်းသွားလာခွင့်ပြုထားတယ်လို့ ကရင်နီပြည်အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။

ဇူလိုင် ၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ဒီထုတ်ပြန်ချက်ဟာ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကရင်နီပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်ကြတဲ့ KNDF B-09၊ KNDF B-10 တို့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖြစ်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်အရ ခရီးသွားယာဉ်မောင်းတွေဟာ တပတ်ကို တနင်္လာ၊ အင်္ဂါနဲ့ ဗုဒ္ဓဟူး ၃ ရက်သာ လွိုင်ကော်-မော်ချီး လမ်းမကြီးကို ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ပြည်ပခရီးသည်တွေကို လုံးဝသယ်ဆောင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် ဘိလပ်မြေသယ်ဆောင်လာတဲ့ ကားတွေကိုလည်း အမှတ် ၂ ခရိုင်ထောက်ခံစာပါမှသာ ဖြတ်သန်းခွင့်ပြုမှာဖြစ်ကာ ဆန်အိတ် ၁၀ အိတ်ထက် ပိုပြီးတော့လည်း သယ်ဆောင်ခွင့်မရှိဘူးလို့ ထုတ်ပြန်ထားပြီး ကန့်သတ်ထားတဲ့ ကုန်တွေကိုလည်း သယ်ဆောင်ခွင့်မရှိကြောင်းနဲ့ တွေ့ရှိခဲ့ရင် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီအရပ်ဘက်အဖွဲ့ရဲ့ မှတ်တမ်းအရ ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကနေ ၃၀ ရက်အထိ ၁ လအတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း ၄၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒီးမော့ဆိုမြို့နယ်မှာ ၂၁ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး စစ်ကောင်စီ တပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

လတ်တလောကာလမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ တနေ့တခြား အင်အားနည်းပါးလာပြီ ဖြစ်တာမို့ အခု ၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးရဲ့ ကြီးမားတဲ့ အချိုးအကွေ့ အောင်မြင်မှုတခုကို မလွဲမသွေ ရောက်ရှိလာတော့မယ်လို့လည်း (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013