DVB Logo
Home
မြန်မာသတင်း
တရားမဝင် မြန်မာ ရွေ့ပြောင်းလုပ်သား ၂၉ ဦးကို ကားဖြင့်တင်ဆောင်လာသည့် ထိုင်း ၄ ဦး ဖမ်းဆီးခံရ
DVB
·
July 11, 2022
တရားမဝင် မြန်မာ ရွေ့ပြောင်းလုပ်သား ၂၉ ဦးကို ကားဖြင့်တင်ဆောင်လာသည့် ထိုင်း ၄ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်ထဲမှာ  တရားမဝင် မြန်မာရွေ့ပြောင်းလုပ်သား ၂၉ ယောက်ကို ကားပေါ်တင်လာတဲ့ ထိုင်းနိုင်ငံသား လေးယောက် ဖမ်းဆီးခံရတယ်လို့  ThaiCrime.Net သတင်းမှာ ဖော်ပြပါတယ်။ 

တရားမဝင်အလုပ်သမားတွေ ဝင်လာဖို့ရှိကြောင်းကြိုတင်သတင်းရထားတဲ့ ရဲ ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေပါတဲ့ပူးပေါင်းအဖွဲ့ဟာ ဇူလိုင် ၁၀ ရက်က ချွန်းဖွန်းခရိုင် လပ်လော်အုပ်စုထဲမှာ စောင့်ကြပ်စစ်ဆေးစဉ် ဘန့်ဆိုင်းအွန်ရပ်ကွက်ထဲဝင်ရောက်လာတဲ့ ကားသုံးစီးပေါ်ကနေ တရားမဝင် မြန်မာနိုင်ငံသား ၂၉ ဦး ( ကျား ၁၀ ဦး၊ မ ၁၉ ဦး ) တို့ကို ဖမ်းမိခဲ့တာပါ။

ဒါ့အပြင် သူတို့ကို တင်ဆောင်လာတဲ့ ကား သုံးစီးပေါ်က ထိုင်းယာဉ်မောင်းနဲ့ အဖော်တယောက် စုစုပေါင်း လေးယောက်  ( ကျား ၃ ဦး မ ၁ ဦး ) ကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ မြန်မာအလုပ်သမားတွေဟာ ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်းဘက်ကဖြစ်ပြီး ထိုင်းတောင်ပိုင်း ချွန်းဖွန်း၊ စူရတ်ဌာနီနဲ့ ဖူးကက်ခရိုင်တွေမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို  တယောက် ဘတ် ၂၀၀၀၀ စီပေးခဲ့ရကြောင်း၊ ထိုင်းယာဉ်မောင်းတွေကတော့ သူတို့အနေနဲ့ ရနောင်းခရိုင် ကရပူရီမြို့နယ်ကနေ ချွန်းဖွန်းထိပဲ ပို့ပေးရမှာဖြစ်ပြီး ပို့ခ တယောက်  ဘတ် ၃၀၀၀ စီပဲရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံမြန်မာ ၂၉ ယောက်ကို  တရားမဝင် ဝင်ရောက်မှုနဲ့လည်းကောင်း ထိုင်း လေးယောက်ကို တရားမဝင်သူတွေ ခေါ်ဆောင်လာမှု၊ တရားမဝင်သူတွေ အဖမ်းဆီးမခံရအောင် အကာအကွယ်ပေးမှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး ကွင်းဆက်တွေဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။ 

Photo & Ref- Thai Crime

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013