DVB Logo
Home
မြန်မာသတင်း
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်သည့် အဂတိမှု စွပ်စွဲချက် မိမိနှင့် မသက်ဆိုင်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ပြော
DVB
·
July 11, 2022
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်သည့် အဂတိမှု စွပ်စွဲချက် မိမိနှင့် မသက်ဆိုင်ဟု  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ပြော
Donate to DVB

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အဂတိမှု စွပ်စွဲချက်တွေ သူနဲ့ မသက်ဆိုင်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးမှာ  ထွက်ဆိုလိုက်ပါတယ်။

စစ်ကောင်စီက တဖတ်သက်စွပ်စွဲထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိမှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အဂတိမှုတွေကို ဒီနေ့ ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ် စစ်ဆေးရာမှာ ထွက်ဆိုခဲ့တာလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်း အဝိုင်းကနေ သိရပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အဂတိမှုတွေထဲက ပုဒ်မ ၄/၂၀၂၁ အမှုက နေပြည်တော်ဒုတိယမြို့တော်၀န် ဦးရဲမင်းဦးကို စစ်ဆေးခဲ့ပြီး ပုဒ်မ ၅/၂၀၂၁ အမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

ပုဒ်မ ၅/၂၀၂၁ အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆိုခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနဲ့ကာလတွေအတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်တာတွေဟာ သူနဲ့ မသက်ဆိုင်ဘူးလို့ ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြည်သူတွေ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာအသုံးပြုဖို့ ရ ဟတ်ယာဉ်တစီးဝယ်ယူ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက် ပြီး စစ်ကောင်စီကနိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်အမှုနဲ့ပတ်သက်လို့ ဒီနေ့ လူကယ်ပြန် ဒုတိယ၀န်ကြီး ဦးစိုးအောင်ကိုပဲ ဆက် လက်စစ်ဆေးခဲ့ပြီး စစ်ဆေးတာ မပြီးသေးဘူးလို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အဂတိမှုတွေကို လာမယ့် ၂၅ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက် ပေးရဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013