DVB Logo
Home
မြန်မာသတင်း
ဆိပ်ဖြူမြို့နယ် ပိုင်းကျေးရွာက အသက် ၃၈ နှစ်အရွယ်အမျိုးသမီးတဦး အသတ်ခံရ
DVB
·
July 11, 2022
ဆိပ်ဖြူမြို့နယ် ပိုင်းကျေးရွာက အသက် ၃၈ နှစ်အရွယ်အမျိုးသမီးတဦး အသတ်ခံရ
Donate to DVB

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပိုင်းကျေးရွာမှာ ဇူလိုင် ၁၀ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ရွာကိုဝင်စီးနေချိန်မှာ နေအိမ်ကိုပြန်လာပြီး ဝက်စာလာကျွေးတဲ့ အသက် ၃၈ နှစ်အရွယ် မနှင်းဝေ အသတ်ခံခဲ့ရတယ်လို့ ပိုင်းကျေးရွာ ဒေသခံတဦးက ပြောပါတယ်။ 

ဇူလိုင် ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ပိုင်းရွာကို စစ်ကြောင်းထိုး စတင်ဝင်ရောက်လာတာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မနှင်းဝေတို့ လင်မယားက ဝက်စာကျွေးဖို့ အိမ်ပြန်ချိန်မှာ စစ်ကောင်စီတပ်နဲ့ တွေ့တာကြောင့် မနှင်းဝေ အမျိုးသားက ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး မနှင်းဝေ အသတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။ 

"ရွာကိုစစ်ကြောင်းဝင်လို့ ရှောင်နေရင်းက ဝက်စာကျွေးပြန်လာတာ အသတ်ခံရတာ၊ ပြန်လာတာက လင်မယားနှစ်ယောက်လုံး  ယောကျာ်းက ပြေးလို့လွတ်သွားတယ်၊ မိန်းမကတော့ လည်ပင်းကိုဓားနဲ့လှီးပြီး အသတ်ခံထားရတယ်။" 

မနှင်းဝေမှာ အသက် ၁၆ နှစ်အရွယ် သမီးတဦး၊ ၁၂ နှစ်အရွယ် သားနဲ့ ၉ နှစ်အရွယ်သား တဦး ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်က ပိုင်းရွာထဲ ဝင်ရောက်လာပြီးနောက် ရွာကိုမီးရှို့ခြင်းမရှိပေမယ့် နေအိမ်တွေထဲ ဝင်ရောက်ရှာဖွေပြီး ပြည်သူတွေရဲ့ပစ္စည်းတွေကို ဝင်ရောက်သယ်ဆောင်သွားတဲ့အပြင် ဝက်တွေကိုလည်း သတ်စားတယ်လို့ ဒေသခံက ပြောပါတယ်။ 

"တန်ဖိုးကြီး တန်ဖိုးရှိပစ္စည်း သယ်လို့ရတာ အကုန်သယ်တယ်၊ စစ်​ကြောင်းဝင်လာပြီး ကားကြီးတစီးလိုက်လာတယ်၊ ပစ္စည်းသယ်ဖို့ပဲ ဖြစ်မှာ။”  

ပိုင်းကျေးရွာအတွင်းက ကုန်စုံဆိုင်ကပစ္စည်းတွေကိုလည်း စားသောက်ကာယူဆောင်သွားကြပြီး နေအိမ်တွေကိုလည်း မွှေနှောက်ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။ 

ပိုင်းကျေးရွာက ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖုန်းလိုင်းမရတာနဲ့ ဖုန်းအား ကုန်နေကြ​ပြီး ရွာထဲ ပြန်မဝင်နိုင်သေးဘူးလို့ ပြောပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းက ဇူလိုင် ၁၁ ရက်မှာ ပိုင်းကျေးရွာကနေ ဆိပ်ဖြူမြို့နယ် ထွန်ကျေးရွာအနီးက ဆင်ကောင်းရွာကို ဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

photo. Welove Seikphyu page 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013