DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့မှာ အရေးပေါ်အခြေအနေ ရုပ်သိမ်း၊ တမူးတွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ
DVB
·
July 10, 2022
အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့မှာ အရေးပေါ်အခြေအနေ ရုပ်သိမ်း၊ တမူးတွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ
Donate to DVB

မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေးမြို့မှာ အရေးပေါ်အခြေအနေ ကြေညာထားတာကို ဇူလိုင် ၉ ရက်မှာ ပြန်ရုပ်သိမ်းလိုက်ကြောင်း  ခရိုင်အုပ်ချူပ်ရေးမှူးက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့ကို အလည်လာတဲ့ အိန္ဒိယနိုင်ငံသား တမီးလ် လူငယ် အမျိုးသား နှစ်ယောက် အသတ်ခံရတာနဲ့ ပတ်သက်လို့ မိုးရေးမြို့မှာ ဒေသခံ အိန္ဒိယနိုင်ငံသားတွေက မကျေမနပ် ဆန္ဒပြခဲ့ကြတာကြောင့် ဇူလိုင် ၆ ရက်မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အရေးကြီးကိစ္စမရှိဘဲ အိန္ဒိယပြည်သူတွေ မြန်မာပြည်ဘက်ကို မသွားကြဖို့၊  မဖြစ်မနေသွားမယ်ဆိုပါက သက်ဆိုင်ရာခွင့်ပြုချက်ကိုရယူပြီးမှသာ သွားလာကြဖို့၊ မြန်မာနိုင်ငံသားတွေကိုလည်း ခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာတာမလုပ်ဖို့၊ လူ ငါးယောက်ထက်ပိုမစုဖို့ စတာတွေ အမိန့် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဇူလိုင် ၇ ရက် ကလည်း အိန္ဒိယနိုင်ငံရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့တွေ အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့လုံခြုံ‌ရေးဆောင်ရွက်ဖို့ ရောက်ရှိလာခဲ့ပါတယ်။

အခုလိုအရေးပေါ်အခြေအနေ ပြန်ရုပ်သိမ်းလိုက်လို့ ဝမ်းသာတဲ့အကြောင်း၊ တနိုင်ငံနဲ့ တနိုင်ငံ ကူးလူးဆက်သွယ်ရတာလွယ်ကူကြောင်း၊ ကုန်စည်စီးဆင်းမှုအတွက် အဆင်ပြေကြောင်း နယ်စပ်ဒေသ တမူးမြို့မှာနေထိုင်သူတွေက ပြောပါတယ်။

ဇူလိုင် ၈ ရက်ညပိုင်းမှာတော့ တမူးမြို့၊ မြို့မ (၁၂/က) ရပ်ကွက်၊ နန်းဖာလုံက ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး ဦးအောင်ဆွေ (အသက် ၅၀ ဝန်းကျင်)  ပစ်သတ်ခံခဲ့ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

“ည၁၀နာရီလောက်မှာ အသံကြားလိုက်ရတာ။ သူကကြံ့ခိုင်ရေးပါတီဝင်ပါ။ သူကရာအိမ်မှူး လုပ်ပါတယ်။ သူ ကဒီနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ပေါင်းတယ်။ စစ်တပ်သတင်းပေး လည်းလုပ်တယ်။ သူ့အိမ်ကို စစ်သားတွေအဝင်အထွက်လည်းရှိတယ်။ပစ်သတ်ခံရတဲ့နေရာက သူတို့အိမ်ထဲမှာပါ။” လို့ပြောပါတယ်။

ဦးအောင်ဆွေ ပစ်ခတ်သတ်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားပြီး  ဇူလိုင် ၉ ရက် မနက် ၇ နာရီခွဲလောက်က နေအိမ်မှာရှိနေစဉ်  PDF အဖွဲ့က လာရောက်ပစ်ခတ်ခဲ့တာလို့ စွပ်စွဲဖော်ပြထားပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဇူလိုင် ၅ ရက်နေ့က တမီးလ်လူငယ် နှစ်ယောက်အသတ်ခံရဟာ  စစ်ကောင်စီလက်အောက်ခံ ပျူစောထီး တပ်ဖွဲ့ဝင် ဖိုးစိန်နဲ့ ဇော်ရဲတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ဒေသခံ PDF တွေနဲ့ NUG အစိုးရက ကြေညာထားသလို အိန္ဒိယသတင်းဌာနတွေလည်း ထုတ်ဖော်ကြေညာထားပေမဲ့  စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ PDF တွေလက်ချက်လို့ ပြန်လည် စွပ်စွဲထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013