DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ခွင့် အဆိုးရွားဆုံးအဆင့် ရောက်နေ
DVB
·
July 8, 2022
စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ခွင့် အဆိုးရွားဆုံးအဆင့် ရောက်နေ
Donate to DVB

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက် ဖိနှိပ်နေတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၂ ခုနှစ် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ညွှန်းကိန်းအဆင့် ၅ နဲ့ အောက်ဆုံးအဆင့်ကို ရောက်ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Article 19 ရဲ့ ကမ္ဘာ့ထုတ်ဖော်ခွင့် အစီရင်ခံစာသစ်မှာ ဖော်ပြပါတယ်။

ဒီအစီရင်ခံစာထဲမှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၁ နိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆန်းစစ်တိုင်းတာတဲ့ ညွှန်းကိန်း ၂၅ ခုနဲ့ တွက်ချက်ထုတ်ပြန်ထားခဲ့တာဖြစ်ကာ နိုင်ငံတခုချင်းစီကို သုညကနေ အမှတ် ၁ဝဝ အထိ ပေးထားတာ ဖြစ်ပါတယ်။

မတရားစစ်အာဏာသိမ်းမှုနဲ့အတူ စစ်အာဏာရှင်လက်အောက် ဖိနှိပ်ခံနေရတဲ့ မြန်မာနိုင်ငံကတော့ နိုင်ငံပေါင်း ၁၆၁ နိုင်ငံထဲ အဆင့် ၁၄၀ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆွေးနွေးပြောဆိုခွင့် ဖိနှိပ်ခံရမှု၊ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှု၊ နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်မှုတွေအပြင် နိုင်ငံရေးအရ သတ်ဖြတ်မှုတွေ၊ သတင်းသမားတွေ ခြိမ်းခြောက် ခံရမှုတွေ၊ လွတ်လပ်စွာ စုဝေးခွင့်နဲ့ NGOs အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအပေါ် ဖိနှိပ်မှုတွေ ရှိခဲ့ကြောင်းလည်း အစီရင်ခံစာထဲမှာ ထောက်ပြထားပါတယ်။

အခုနှစ်ရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်အညွှန်းကိန်းမှာတော့ ဒိန်းမတ်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေက ရမှတ် ၉၆ မှတ်နဲ့ ထိပ်ဆုံးက ရပ်တည်နေပြီး သူ့နောက်မှာတော့ ဆွီဒင်နဲ့ နော်ဝေနိုင်ငံတွေက ၉၄ မှတ်စီနဲ့ ရှိနေပါတယ်။ အဲဒီနောက်မှာတော့ ၊အက်စတိုးနီးယားနဲ့ ဖင်လန်နိုင်ငံတွေက ၉၃ မှတ်စီနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

အဆိုးဝါးဆုံး အောက်ဆုံးအဆင့်မှာတော့ မြောက်ကိုရီးယားနိုင်ငံက ရမှတ်တစ်မှတ်မှ မရရှိပဲ ရှိနေပြီး သူ့အထက်မှာတော့ တာ့ခ်မင်နစ္စတန်၊ ဆီးရီးယားနဲ့ အယ်ရစ်ထရီးယားနိုင်ငံတွေက ရမှတ် ၁ မှတ်စီနဲ့ ရပ်တည်နေတာပါ။ အဲဒီအထက်မှာတော့ တရုတ်၊ ဘယ်လာရုစ်နဲ့ ကျူးဘားနိုင်ငံတွေက ရမှတ် ၂ မှတ်စီနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

မြန်မာ၊ တရုတ်နဲ့ ရုရှားတို့လို အာဏာရှင်နိုင်ငံတွေ သာမက အိန္ဒိယ၊ ဘရာဇီး တို့လို ဒီမိုကရေစီနိုင်ငံတွေက ပြည်သူတွေအပါအဝင် ကမ္ဘာ့လူဦးရေ ရဲ့ ၈ဝ ရာခိုင်နှုန်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကတည်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိကြတဲ့ အခြေအနေတွေ အောက်မှာ နေထိုင်နေကြရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013