နယူးကာဆယ်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနိုဂီမာရက်စ်ဟာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ချင်နေကြောင်း အသင်းကို အသိပေးထားတယ်လို့ Sky Sports News မှာ ဖော်ပြထားပါတယ်။
အာဆင်နယ်အသင်းဘက်ကတော့ နယူးကာဆယ်အသင်းနဲ့ တရားဝင် ဆက်သွယ်ထားတာ မရှိသေးပေမဲ့ ကြားလူတွေကတဆင့် ပြောင်းရွှေ့ကြေး အခြေအနေတွေကို စုံစမ်းနေတာပါ။
နယူးကာဆယ်အသင်းဘက်ကတော့ သူတို့ရဲ့ အဓိက ကစားသမားဖြစ်သူကို ရောင်းချဖို့ စိတ်မဝင်စားသလို အသင်းခေါင်းဆောင်ကို တခြားအသင်းတွေဆီ ရောင်းချမှာမဟုတ်ကြောင်း တသမတ်တည်း ပြောဆိုထားပါတယ်။
နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ကာလတွေမှာ အရေးပါတဲ့ ကစားသမားတွေကို ထပ်မံလက်လွှတ်ရမှာကို မလိုလားတာကြောင့် ဘရူနိုဂီမာရက်စ်ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားဖို့ ရှိနေပါတယ်။










