DVB Logo
Home
မြန်မာသတင်း
အင်းတော်-ဗန်းမောက်ကားလမ်း ရက်အကန့်အသတ်မရှိ ပိတ်
DVB
·
July 8, 2022
အင်းတော်-ဗန်းမောက်ကားလမ်း ရက်အကန့်အသတ်မရှိ ပိတ်
Donate to DVB

အင်းတော်-ဗန်းမောက်ကားလမ်းကို ဇူလိုင် ၇ ရက်က စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ Indaw Revolution-IR   က ဇူလိုင် ၇ရက်မှာ ထုတ်ပြန်ပါတယ်။

"အင်းတော်-ဗန်းမောက်လမ်းပိုင်းက အင်းတော်နဲ့ ဗန်းမောက်ပဲ။ ဘယ်မြို့နယ်မှ မကူးသန်းမ သွားလာရဘူး။ စစ်ရေးအ​ခြေနေက လက်နက်အင်အား ရိက္ခာအင်အားတွေ ဖြည့်တင်းနေတယ်"လို့ Indaw Revolution-IR  က သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အင်းတော်ကနေ ဗန်းမောက်ဘက်သို့ စစ်လက်နက်ပစ္စည်းနဲ့  ရိက္ခာတွေ သယ်ယူပို့ဆောင်နေတဲ့အပြင် စစ်ရေး တင်းမာနေတာကြောင့် ကုန်တင်ယာဥ်တွေကို အင်းတော်-ဗန်းမောက် ကားလမ်းအသုံးပြုခွင့် ဇူလိုင် ၇ ရက်နေ့မှစပြီး ရက်အကန့်သတ်မရှိ ပိတ်လိုက်တာလို့ Indaw Revolution-IR  ကသိရပါတယ်။

အိမ်စီးကားတွေအနေနဲ့ မှန်ချပြီး မောင်းနှင်ပေးကြဖို့ တောင်းဆိုထားပါတယ်။nစည်းကမ်းချက်မလိုက်နာဘဲ တစ်စုံတရာဖြစ်ပွားခဲ့ပါက တာဝန်မယူကြောင်းနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ Indaw Revolution-IR  က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013