DVB Logo
Home
မြန်မာသတင်း
အင်းတော်-ဗန်းမောက်ကားလမ်း ပြန်ဖွင့်
DVB
·
August 27, 2022
အင်းတော်-ဗန်းမောက်ကားလမ်း ပြန်ဖွင့်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်ထဲက၊ အင်းတော်-ဗန်းမောက်ကားလမ်းပိုင်းကို ဩဂုတ် ၂၇ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီအချိန်မှာ ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။

Indaw Revolution-IR အဖွဲ့တာဝန်ရှိသူက "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကိုတော့ လိုက်နာပေးကြပါ။ အခြေခံလူသုံးကုန်၊ စားသုံးကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်တဲ့ ကုန်တင်ကားတွေ သွားလာခွင့်ရှိပြီး ခရီးသည်တင်ကားတွေ လုံးဝသွားလာ ခွင့်မပြုသေးပါဘူး။ သွားလာလိုပါက ဆိုင်ကယ်နဲ့ သွားလာနိုင်မှာဖြစ်ပြီး စစ်ဆေးမယ်ဆိုပါက စစ်ဆေးခံပြီးမှသာ ဖြတ်သန်းသွားလာရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဘယ်ယာဉ်မဆို ည ၇ နာရီမှ မနက် ၆ နာရီအထိ ဖြတ်သန်း‌မောင်းနှင် သွားလာတာ မလုပ်ဖို့ ထုတ်ပြန်ချက်မှာ ရေးသားဖေါ်ပြထားပါတယ်။

ဗန်းမောက်ဘက်ရှိ စစ်ကောင်စီတပ်ကို လက်နက်ပို့တဲ့လမ်းကြောင်းက အင်းတော်-ဗန်းမောက် လမ်း တခုတည်းရှိတာမို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ကန့်သတ်ချက်တွေ ထုတ်ရတာကို ပြည်သူတွေအနေနဲ့ နားလည်ပေးကြဖို့လည်း ပန်ကြားထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဇွန်လလယ်ကစလို့ စစ်ကိုင်းတိုင်း အင်းတော်နဲ့ဗန်းမောက်ဘက်ကို စစ်ကြောင်း ထိုးလာတဲ့အပြင် ရိက္ခာသယ်ယူတာတွေ လုပ်လာတာကြောင့်  ခရီးသွားနဲ့ဒေသခံတွေ အဲဒီလမ်းကို အသုံးမပြုဖို့   Indaw Revolution-IR  က ခရီးသွားသတိပေးချက်တွေကို ဇွန်နဲ့ ဇူလိုင်လအတွင်းမှာ ထုတ်ပြန်ခဲ့တာပါ။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013