DVB Logo
Home
မြန်မာသတင်း
ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF သို့ NUGPay ကတဆင့် ထောက်ပံ့လှူဒါန်းနိုင်
DVB
·
July 7, 2022
ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF သို့ NUGPay ကတဆင့် ထောက်ပံ့လှူဒါန်းနိုင်
Donate to DVB

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ် အမျိုးသားကာကွယ်ရေးတပ် KNDF အတွက် ပြည်သူတွေအနေနဲ့ NUGPay ကတဆင့် ထောက်ပံ့လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ကရင်နီအရပ်ဘက်အဖွဲ့ရဲ့ မှတ်တမ်းအရ ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကနေ ၃၀ ရက်အထိ ၁ လအတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း ၄၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒီးမော့ဆိုမြို့နယ်မှာ ၂၁ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အကြမ်းဖက်စစ်ကောင်စီကို ခုခံတွန်းလှန်နေတဲ့ ကရင်နီပြည် သူရဲကောင်းတွေအတွက် ရန်ပုံငွေလိုအပ်ချက်တွေ ရှိနေတာမို့ NUGPay ကတဆင့် ကူညီလှူဒါန်းနိုင်ဖို့ ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကရင်ပြည်နယ်၊ ဝေါလေဒေသ၊ ဥကရစ်ထစခန်းသိမ်းအောင်ပွဲအတွက် NUGPay ကနေ ၂ ရက်အတွင်း ရရှိခဲ့တဲ့ ငွေကျပ် ၄၆ သိန်းကျော်ကို  ကော်ဘရာစစ်ကြောင်းဆီ ထောက်ပို့ခဲ့တာ ဖြစ်ပါတယ်။

NUGPay ကိုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ငွေကြေးစီးဆင်းမှုစနစ်အပေါ် မှီခိုနေရတာကို အဆုံးသတ်ဖို့အတွက် ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) နဲ့ NUGPay မိုဘိုင်းပိုက်ဆံအိတ်ကို စတင်ထုတ်ဝေလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကြေညာချက်မှာ ဖော်ပြချက်အရ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့အတွက် သီးခြားလွတ်လပ်ပြီး လုံခြုံစိတ်ချရတဲ့ ငွေကြေးလည်ပတ်မှု ယန္တရားစနစ်ကို ထူထောင်ထားတာ ဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယ်။

မြန်မာကျပ်ငွေနဲ့ တူညီစွာ တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထားရှိတဲ့အပြင် ဒီငွေကြေးစနစ်ကို အသုံးပြုနိုင်ဖို့ တွဲဖက်အသုံး ပြုရမယ့် NUGPay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တခါတည်း ထုတ်ဝေထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013