DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းအတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းမှ ၁၀ ရက်အတွင်း ကျပ်သိန်း ၃၀၀၀ ကျော် ရရှိထား
DVB
·
July 7, 2022
စစ်ကိုင်းအတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းမှ ၁၀ ရက်အတွင်း ကျပ်သိန်း ၃၀၀၀ ကျော် ရရှိထား
Donate to DVB

စစ်ကိုင်းတိုင်းဒေသ တိုက်ပွဲတွေကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်” ကမ်ပိန်းကို စတင်နေပြီး လတ်တလောမှာတော့ ၁၀ ရက်အတွင်း ကျပ်သိန်း ၃၀၀၀ ကျော် ရရှိထားကာ ရက်ပေါင်း ၃၀ အတွင်း ကျပ်သိန်းပေါင်း ၁၅,၀၀၀ ထိ ရရှိနိုင်ဖို့ မျှော်မှန်းထားပါတယ်။

လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁ နှစ်ခွဲနီးပါး ရှိလာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးတိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက စစ်ကိုင်းတိုင်းဒေသဟာ စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက်ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီးမှုတွေက များပြားလာနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီဒေသအတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းကို  ဇွန် ၂၆ မှာ စတင်လိုက်ပြီး လာမယ့် ဇူလိုင် ၂၅ ရက်အထိ ရက် ၃၀ ကာလအတွင်းမှာ Phase 1 အနေနဲ့ သိန်း ၁၅၀၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

“မမများနဲ့ပွဲကမယ်” အနေနဲ့ သိပ်မကြာခင်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသတိုက်ပွဲကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် ၂၁ ရက်တာ ကမ်ပိန်းမှာ ကျပ်သိန်း ၅,၈၀၀ ကျော်ထိ ရှာဖွေ ပေးနိုင်ခဲ့ပါတယ်။

“တိုက်ပွဲဆိုတာ လက်နက်အင်အားဘယ်လိုပင်သာသာ ခိုင်မာတဲ့ခံယူချက်နဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိရင် အောင်ပွဲဆိုတာ မရနိုင်ပါဘူး။ ခိုင်မာတဲ့ခံယူချက်နဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုတွေရှိနေပေမယ့်လဲ လက်နက်အင်အားကွာနေရင်တော့ အချိန်ကြန့်ကြာမှုတွေနဲ့ ဆုံးရှုံးမှုတွေတော့ ရှိတတ်ပါတယ်။ ဒါကြောင့်မို့  ပြည်သူတွေလည်း ပင်ပန်းနေကြတာ နားလည်ပေမဲ့ ရနိုင်သလောက် အင်နဲ့အားနဲ့ ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။”

လတ်တလော စစ်ကိုင်းပရောဂျက်အတွက် ဒီကမ်ပိန်းမှာလည်း  စင်ကာပူ၊ မြန်မာ၊ မလေးရှား၊ အမေရိကန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ဂျာမနီ၊ ဩစတေးလျ၊ ထိုင်း၊ ဂျပန်၊ နယူးဇီလန်၊ ပြင်သစ်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ယူကေ၊ ထိုင်ဝမ်စတဲ့ နိုင်ငံအသီးသီးက ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေ အသီးသီးနဲ့ ဆက်သွယ်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားခဲ့ တာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နေတဆင့် ပေးပို့ကူညီသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့ ပြင်းထန်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013