DVB Logo
Home
မြန်မာသတင်း
ကချင်၊ ကရင်နှင့် မကွေးတိုင်းတို့တွင် လေထုအရည်အသွေး ကျန်းမာရေးထိခိုက်နိုင်ဟု စစ်ကောင်စီ ထုတ်ပြန်
DVB
·
July 5, 2022
ကချင်၊ ကရင်နှင့် မကွေးတိုင်းတို့တွင် လေထုအရည်အသွေး ကျန်းမာရေးထိခိုက်နိုင်ဟု စစ်ကောင်စီ ထုတ်ပြန်
Donate to DVB

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ လေထုအရည်အသွေးကို စစ်ဆေးတဲ့အခါ ကျန်းမာရေးထိခိုက်နိုင်တဲ့ အခြေအနေမှာရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်းက လေထုအရည်အသွေးအခြေအနေကို လေ့လာဆန်းစစ်နိုင်ဖို့အတွက်ဆိုပြီး ပြည်နယ်နဲ့ တိုင်း ၈ ခုမှာ ပြီးခဲ့တဲ့ ဇွန်လက တိုင်းတာစစ်ဆေးခဲ့တာပါ။

အမှုန်အမွှားပါဝင်နှုန်း ၂ မျိုး၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်နဲ့ အိုဇုန်းတို့ကို အဓိကထား လေ့လာတာဖြစ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးဝန်းကျင်မှာ အမှုန်အမွှား PM25 ဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အဆင့်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်တောင်ခြေအနီးဝန်းကျင်မှာလည်း အမှုန်အမွှား PM25 ဟာ ခံနိုင်ရည်နည်းသူတွေအတွက် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အဆင့်မှာရှိနေပြီး မကွေးခရိုင် ရုံးဝန်းကျင်မှာတော့ အိုဇုန်းပါဝင်နှုန်းဟာ ခံနိုင်ရည်နည်းသူတွေအတွက် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အဆင့်မှာရှိနေတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်မှာတော့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ပါဝင်နှုန်းဟာ ရှိသင့်တဲ့ ပမာဏထက် နည်းနည်းပိုနေတာကြောင့် လေထုအရည်အသွေးဟာ ကောင်းမွန်တဲ့ အခြေအနေမှာမရှိဘဲ သင့်တင့်တဲ့ အခြေအနေမှာရှိနေပါတယ်။

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ၅၅ လမ်းမှာ အမှုန်အမွှားပါဝင်နှုန်းဟာ စစ်ဆေးခဲ့တဲ့ နေရာတွေထဲမှာ အနည်းဆုံးဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့က ပြည်နယ်စိုက်ပျိုးရေးဦး စီးရုံးနားမှာတော့ ဒုတိယ အနည်းဆုံးဖြစ်ပါတယ်။

မန္တလေးတိုင်းမှာတော့ အမှုန်အမွှားကလွဲပြီး နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်နဲ့ အိုဇုန်းတို့ လုံးဝမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဇွန်လမှာ မိုးရွာတာကြောင့် လေထုထဲမှာ အမှုန်အမွှားတွေပါတာ လျော့သွားပြီး မေလမတိုင်ခင် နွေရာသီမှာတော့ လေထုအရည်အသွေးဟာ သတ်မှတ် စံချိန်စံညွှန်းတွေထက် ကျော်လွန်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ပြီးတော့ လေထုအပူချိန်၊ လေတိုက်နှုန်းနဲ့ တိုက်ခတ်ရာ လမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာတဲ့ အခြေအနေ၊ ကား ဆိုင်ကယ်တွေ သုံးတဲ့ အခြေအနေ၊ စက်ရုံတွေက အခိုးအငွေ့ ထုတ်လွှတ်တဲ့အခြေအနေတို့ကို မူတည်ပြီးတော့လည်း လေထုအရည်အသွေးရလဒ်တွေ ပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013