DVB Logo
Home
မြန်မာသတင်း
ကော်ဘရာစစ်ကြောင်းအတွက် NUGPay က ကျပ် ၄၆ သိန်းကျော် ထောက်ပို့ပေးအပ်
DVB
·
July 4, 2022
ကော်ဘရာစစ်ကြောင်းအတွက် NUGPay က ကျပ် ၄၆ သိန်းကျော် ထောက်ပို့ပေးအပ်
Donate to DVB

ကရင်ပြည်နယ်၊ ဝေါလေဒေသ၊ ဥကရစ်ထစခန်းသိမ်းအောင်ပွဲအတွက် NUGPay ကနေ ၂ ရက်အတွင်း ရရှိခဲ့တဲ့ ငွေကျပ် ၄၆ သိန်းကျော်ကို  ကော်ဘရာစစ်ကြောင်းဆီ ထောက်ပို့ခဲ့ပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ပြောပါတယ်။

NUGPay မိသားစုရဲ့ ဥကရစ်ထ အောင်ပွဲရယူနိုင်ဖို့ ၄၈နာရီအတွင်း NUGPay စမ်းသပ်ရင်း ထောက်ပို့ငွေ စုစုပေါင်း DMMK 4634899 နဲ့ ညီမျှသော ထိုင်းဘတ်ငွေ ၇၆၂၃၁ ကျော်ကို  ကော်ဘရာစစ်ကြောင်းသို့ ဇူလိုင် ၃ ရက်မှာ  ထောက်ပို့ ပြီးစီးပြီ ဖြစ်ပါကြောင်း NUGpay အသုံးပြုသူ မိသားစုတွေထံ မျှဝေတင်ပြတယ်လို့  NUG  ဒုဝန်ကြီးက‌ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၆ ရက် စတင်ကာ စစ်ကောင်စီရဲ့ ဥကရစ်ထ တပ်စခန်းကို KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှူး စောဝင်းမြင့်၊ ကော်ဘရာစစ်ကြောင်း ဗိုလ်အယ်စေးဝါးတို့ ဦးဆောင်ပြီး ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဥကရစ်ထ ခြေကုပ်တပ်စခန်းဟာ မြဝတီ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် မုလအိ၊ စုကလိ လမ်းဆုံမှာ စခန်းတည်ဆောက်ထားတာဖြစ်ပြီး စစ်ရေးအရ အချက်အချာကျတဲ့ စခန်းတခုဖြစ်ပြီး တိုက်ပွဲမှာ နှစ်ဘက်တပ်ဖွဲ့တွေ အများအပြား သေဆုံးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အနီးအနားက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်နေကြရတာတွေလည်းရှိခဲ့ပါတယ်။

NUGPay ကိုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ငွေကြေးစီးဆင်းမှုစနစ်အပေါ် မှီခိုနေရတာကို အဆုံးသတ်ဖို့အတွက် ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK)  နဲ့  NUGPay မိုဘိုင်းပိုက်ဆံအိတ် ကို စတင်ထုတ်ဝေလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။

အဆိုပါကြေညာချက်မှာ ဖော်ပြချက်အရ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့အတွက် သီးခြားလွတ်လပ်ပြီး လုံခြုံစိတ်ချရတဲ့ ငွေကြေးလည်ပတ်မှု ယန္တရားစနစ်ကို ထူထောင်ထားတာ ဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယ်။

မြန်မာကျပ်ငွေနဲ့ တူညီစွာ တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထားရှိတဲ့အပြင် ဒီငွေကြေးစနစ်ကို အသုံးပြုနိုင်ဖို့ တွဲဖက်အသုံး ပြုရမယ့် NUGPay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တခါတည်း ထုတ်ဝေထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013