DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်တွင် ဆယ်ကျော်သက်လူရွယ်များဆုံရပ် အပတ်စဥ် (၂) ဖွင့်ပွဲပြုလုပ် (ဓာတ်ပုံ)
DVB
·
July 3, 2022
ကရင်နီပြည်နယ်တွင် ဆယ်ကျော်သက်လူရွယ်များဆုံရပ် အပတ်စဥ် (၂) ဖွင့်ပွဲပြုလုပ် (ဓာတ်ပုံ)
1 / 5
Donate to DVB

စစ်ဘေးဒဏ်ခံနေရတဲ့ ဒေသတခုဖြစ်တဲ့ ကရင်နီပြည်နယ်မှာ ပညာရေးအခွင့်အလမ်းတွေပေးနေတဲ့ ဆယ်ကျော်သက်လူရွယ်များဆုံရပ် ( Adolescence Engagement Program) အပတ်စဉ် (၂) ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၃ ရက်နေ့ မနက်ပိုင်းက ကရင်နီပြည်နယ်တနေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) က တာဝန်ရှိသူတွေနဲ့ အခြား မိတ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။

အဆိုပါ Program မှာ အဂ်လိပ်စာ၊ ကရင်နီ (ကယားစာပေ)၊ ကရင်နီ သမိုင်းတို့ကို အဓိကထား သင်ကြားပြီး ဖြည့်စွက်ဘာသာရပ်အဖြစ် ဂီတ၊ leadership၊ Social Science ၊ Religion culture Gender equality စတာတွေကို သင်ကြားပေးနေတယ်လို့ အဆိုပါကျောင်းရဲ့ Program director မသက်မြာက ပြောပါတယ်။

program မှာ ၄ လတာ သင်ကြားရမှာဖြစ်ပြီး သင်တန်းကာလတခုကို ကျောင်းသား ကျောင်းသူ ၅၀ ဦးအား လေ့ကျင်သင်ကြားပေးနေပါတယ်။

ပြီးခဲ့တဲ့ အပတ်စဉ်မှာ စစ်ရှောင်ကလေးအများစုသာ လာရောက်သင်ကြားကြပြီး အခုအပတ်စဉ်မှာ စစ်ရှောင်ကလေးများသာမက အခြားဒေသတွေက ကလေးများပါ လာရောက်သင်ကြားနေတယ်လို့ ကျောင်းရဲ့ Program director မသက်မြာက ပြောပါတယ်။

သင်တန်းကျောင်း တက်ရောက်ပြီးနောက် လူအများနဲ့ ဆက်ဆံပြောဆိုတတ်တာ၊ ခေါင်းဆောင်မှုအရည်အသွေး မြင့်တက်လာတာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိလာတယ်လို့ အပတ်စဉ် ၁ ကျောင်းသူတဦးက ပြောပါတယ်။

မသက်မြာက “အခြား အနယ်နယ်၊ အရပ်ရပ်က လူငယ်များအနေနဲ့  ဒီတော်လှန်ရေးကာလမှာ ဘယ်လောက်ပဲ အခက်အခဲဖြစ်နေပါစေ။ ပညာရေးနဲ့ပတ်သတ်တဲ့ဟာတွေ၊ ဥပမာ online နဲ့ ပတ်သတ်တာပဲဖြစ်ဖြစ်၊ သူတို့နဲ့ ပတ်သက်တာတွေတက်ဖို့ ကျမအနေနဲ့ တွန်းအားပေးချင်ပါတယ်။ နောက်ပြီးတော့ ကျမတို့ရဲ့ Program ကို ဒီထက်မက ဆက်လက်ဖွင့်လှစ်နိုင်ဖို့ အဖက်ဖက်က ကူညီပေးကြပါလို့ ပြည်သူလူထုကို ပြောချင်ပါတယ်” လို့ ပြောပါတယ်။

Photo  - Kaung Saw Hein / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013