DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် မြဝတီခရိုင်တွင် စစ်ကောင်စီတပ်များက မြေပြင်ဝေဟင်မှ အပြင်းအထန် စစ်ဆင် ဗုံးကြဲတိုက်ခိုက်
DVB
·
July 2, 2022
ထိုင်း-မြန်မာနယ်စပ် မြဝတီခရိုင်တွင် စစ်ကောင်စီတပ်များက မြေပြင်ဝေဟင်မှ အပြင်းအထန် စစ်ဆင် ဗုံးကြဲတိုက်ခိုက်
1 / 6
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း သေ့ဘောဘိုးကျေးရွာနဲ့ ဥကရစ်ထ ကျေးရွာတွေအနီးကို စစ်ကောင်စီတပ်က မြေပြင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေသလို ဝေဟင်ကနေ တိုက်လေယာဉ်တွေနဲ့ နေ့စဉ်ရက်ဆက် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတဲ့ အတွက် အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့  ဒေသခံ ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိနေပါတယ်။  

ကေအန်ယူ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် သေ့ဘော့ဘိုး - ဆုံဆည်းမြိုင် ကားလမ်းမပေါ်ရှိ တောင်နီကျေးရွာကို စစ်ကောင်စီတပ် မှော်ဘီလေတပ်စခန်းကနေ Yak -130 အမျိုးအစား ‌တိုက်လေယာဉ်တစီးနဲ့ ဇူလိုင် ၂ ရက်  မွန်းလွဲ  ၁ နာရီ ၁၄ မိနစ်လောက်က ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံ အမျိုးသမီးငယ် တယောက်  ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး  အမျိုးသား နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ကော်ဘရာစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပါတယ်။

သေ့ဘော့ဘိုးကျေးရွာထဲကို ဇူလိုင် ၁ ရက် ည၇နာရီ ခွဲလောက်ကလည်း လေယာဉ်နဲ့  ဗုံးကြဲချသွားခဲ့လို့ အပြစ်မဲ့ပြည်သူ ၂ ယောက် သေဆုံးပြီး၊ ကျောင်းသားကျောင်းသူများအပါအဝင် အပြစ်မဲ့ပြည်သူ ၆ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကော်ဘရာအဖွဲ့က ဆိုပါတယ်။

သေ့ဘောဘိုးရွာထဲကို စစ်ကောင်စီလေတပ်က လာရောက်ဗုံးကြဲတဲ့အတွက်  ဇူလိုင် ၁ ရက် ညပိုင်းမှာ ဒေသခံရွာသားတွေ ၉၀ ကျောက်ဟာ ဗုံးအန္တရာယ်မှ လွတ်ကင်းနိုင်ရေး  ထိုင်းနိုင်ငံ မော်လီချိုင်းရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ဘေးတိမ်းရှောင်ထွက်ပြေးလာတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ထိုင်းစစ်တပ်က ယာယီခိုလှုံစရာ နေရာပေးထားပြီး လိုအပ်တဲ့ အကူအညီ အထောက်အပံ့ တွေလည်း ပေးထားပါတယ်။ 

ထိခိုက်ဒဏ်ရာရတဲ့ရွာသားတွေ ထိုင်းနိုင်ငံ၊ ဖို့ဖတ်မြို့နယ်ဘက်ကို ကူးလာပြီး ဆေးကုသမှုခံယူခဲ့ရတယ်လို့ ထိုင်းသတင်းမှာ ရေးသားဖော်ပြပါတယ်။

လေ့ကေ့ကော်ဒေသမှာတော့  တောင်ကုန်းတစ်ခုပေါ်သို့   စစ်ကောင်စီတပ်က ဇူလိုင် ၁ ရက်   မနက် ၁၁ နာရီ မိနစ် ၅၀ မှ  မွန်းလွဲ ၂ နာရီ ခွဲလောက်အထိ အထိ (၁‌၂၀) မမ၊ ဟောင်ဝစ်ဇာ (၁၂၂) မမ လက်နက်ကြီးတွေ အပြင်းအထန် ပစ်ခတ်တခိုက်ခိုက်ခဲ့ပေမဲ့  ကော်ဘရာစစ်သည်တွေ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ လည်းသတင်းထုတ်ထားပါတယ်။

ဇွန် ၃၀ ရက်ည ၈ နာရီခွဲလောက်ကလည်း  လေ့ကေ့ကော်ဒေသရှိ တောင်ကုန်းတစ်ခုပေါ်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ကူပေးပြီး ကျူးကျော်လာလို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဇူလိုင်  ၁ ရက်  မနက် (၀ဝး၃၀)  လောက်မှာ ဖရိုဖရဲ ဆုတ်ခွာ ထွက်ပြေးခဲ့ရာမှာ  ၆၀ မမ ဗုံးသီး (၁)လုံး၊ RPG ပို့ယမ်း (၁)တောင့်၊ ၄၀ မမ (၇)လုံး၊ စက်လက်ကျည် (၉၉)တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ လေ့ကေ့ကော်‌ဒေသရှိ တောင်ကုန်းတစ်ခုပေါ်ကို ဇွန် ၂၉ ရက် ညနေ ၆  နာရီ ခွဲလောက်က တကြိမ် ည ၁၁ နာရီလောက်မှာ တကြိမ် ည ၁ နာရီလောက်မှာ တကြိမ် လက်နက်ကြီးတွေ ပစ်ကူယူပြီး ကျူးကျော်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး  ကော်ဘရာစစ်သည်တော် ၁  ဦး ကျဆုံး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကာ စစ်ကောင်စီဘက်ကလည်း ၂ ဦးသေ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ထားပါတယ်။

PHOTO-MOI

စစ်ကောင်စီပြန်ကြားရေးကတော့ ဇူလိုင် ၁ ရက် နေ့လယ်ပိုင်းမှာ ဥကရစ်ထစစ်ဆင်ရေး ခြေကုပ်စခန်းပတ်ဝန်းကျင်ရှိ  စစ်ဗျူဟာအရ အရေးကြီးတဲ့ တောင်ကုန်း တကုန်းကို စစ်ကောင်စီတပ်စစ်ကြောင်းက လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ ယူပြီး တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်၊ ဝေါလေမြိုင်ဒေသရှိ စစ်ကောင်စီ ခြေကုပ်စခန်း ဖြစ်တဲ့ ဥကရစ်ထစခန်းကို KNLA၊ KNDO ကော်ဘရာပူးပေါင်းတပ်တွေက ဇွန် ၂၆ ရက်ကလည်းက စစ်ဆင်နေရာမှာ စစ်ကောင်စီဘက်မှ တိုက်ပွဲအတွင်း အကျဆုံးများနေတဲ့အတွက် တိုက်လေယာဉ်တွေနဲ့ နေ့စဉ်ရက်ဆက်  ၇ ရက်တိတိ လာရောက်ပြီး  ဗုံးကြဲနေတာဖြစ်ပါတယ်။

စစ်ကောင်စီ တိုက်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲအထိ ကျူးကျော်ဝင်ရောက်ခဲ့လို့  စစ်ကောင်စီက ထိုင်းစစ်တပ်ကို တောင်းပန်ခဲ့ရပါတယ်။

ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးစောင့်ကြည့်နေစဉ်

လက်ရှိ မြန်မာဘက်ကမှာ တိုက်ပွဲပြင်းထန်နေလို့  မြန်မာ-ထိုင်း နယ်စပ်ကို ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ထားပြီး ခြေလျှင်တပ်တွေနဲ့ မြေပြင်မှာ ကင်းလှည့်နေသလို ဝေဟင်ကနေလည်း  ထိုင်းစစ်တိုက်လေယာဉ်အပါ နယ်စပ်မှာ ကင်းလှည့်နေပါတယ်။

တော်ဝင်ထိုင်းစစ်တပ်က  ဗိုလ်ချုပ်ကြီး ပရာစံ စယ်စီရီရတ်ကိုယ်တိုင်  ထိုင်း-မြန်မာ နယ်စပ်ကို ရောက်လာပြီး စစ်ရေးအခြေအနေကို  လာရောက်စစ်ဆေးသွားခဲ့တယ်လို့ AEC ထိုင်းသတင်းမှာ  ရေးသားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013