DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ ဦး အမောဖောက်သေဆုံး
DVB
·
July 2, 2022
မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ ဦး  အမောဖောက်သေဆုံး
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇွန် ၃၀ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား တယောက် အမောဖောက်သေဆုံးခဲ့တယ်လို့ မြိုင်PDF ကနေသိရပါတယ်။

မြိုင်မြို့နယ် ဝက်ပုတ်ကျေးရွာ အနောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်အင်အား ၂၀၀ လောက်ကို မြိုင်-PDF နဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး လက်လုပ်လက်နက်ကြီးတွေနဲ့ ခုခံတိုက်ခိုက်ခဲ့တယ်လို့ မြိုင်-PDF တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

“ကျနော်တို့ တပ်ဖွဲ့ဘက်ကပစ်တဲ့ လက်နက်ကြီးတွေကို ရှောင်တိမ်း ပတ်ပြေးရင်း စစ်(..)တကောင် အမောဖောက်သေဆုံးခဲ့ပြီး အဲဒီနားမှာပဲ သင်္ဂြိုဟ်ခဲ့ကြတယ်လို့ တပ်တွင်းသတင်းတွေအရသိရတယ်။ ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စခန်းတစ်ခု စစ်(...) တွေရဲ့ မီးရှို့ဖျက်ဆီးတာခံခဲ့ရပြီး ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ခုခံတိုက်ခိုက်ခဲ့ကြတယ်။ အဲဒီစခန်း မီးရှို့ဖျက်ဆီးခံရပေမဲ့ လက်နက်ခဲယမ်းတွေ ဆုံးရှုံးမှုမရှိခဲ့ဘူး”လို့  ဗိုလ်လက်ယာက ပြောပါတယ်။

မြိုင်မြို့နယ်မှာ ဇွန် ၂၇ ရက်  ညနေပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းကို မြိုင်-PDF ကမိုင်း ဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013