DVB Logo
Home
မြန်မာသတင်း
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဥကရစ်ထ စစ်‌ဘေးရှောင်ပြည်သူများ ထပ်မံတိမ်းရှောင်
DVB
·
June 30, 2022
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဥကရစ်ထ စစ်‌ဘေးရှောင်ပြည်သူများ ထပ်မံတိမ်းရှောင်
Donate to DVB

စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းအဖွဲ့တွေကြား ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် ဝေါလေမြိုင်ဒေသ ဥကရစ်ထစခန်းဝန်းကျင်ကို စစ်ကောင်စီလေတပ်က ဇွန် ၃၀ ရက် မနက်မှာလည်း တိုက်လေယာဉ်နဲ့  ဗုံးကြဲတိုက်ခိုက်နေလို့ စစ်ဘေးရှောင် ရွာသားတွေ ထပ်မံ ထွက်ပြေးနေကြရပါတယ်။

ဇွန် ၂၆ ရက်ကစပြီး ဥကရစ်ထစခန်းကို KNLA ပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်ခဲ့ပြီး အဲဒီနေ့ကတည်းက ရာနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကာ မနေ့တုန်းကလည်း စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေနဲ့ တနေကုန်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့သလို ရဟတ်ယာဉ်ပေါ်ကနေလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကော့ကရိတ်မြို့နယ် ရသေ့ဂူကျေးရွာကနေတဆင့် ဥကရစ်ထအနီး စစ်ရှောင်လာခဲ့တဲ့ စစ်ရှောင်တွေဟာ  ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရပြန်ပါတယ်။

သေနတ်သံတွေကြား ကလေးငယ်တွေအပါအဝင် ရွာသားတွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရသေ့ဂူကျေးရွာက လူငယ် စောဒီက “ကျနော်တို့က ဥကရစ်ထစခန်းနဲ့ ဝေါလေကြား ပစ်ခတ်မှုဖြစ်နေချိန် ကျနော်တို့ ထွက်ပြေးကြတယ်။ ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးကြရတယ်။ ကျနော်တို့ပြေးတုန်းက လူ ၅၀ လောက် ပြေးကြတယ်။ အခု နယ်စပ် စစ်ရှောင်စခန်းမှာ လူတွေအများကြီးပဲ။ အိမ်ခြေ ၁၀၀ ကျော်လောက်ရှိမယ်” လို့ ပြောပါတယ်။

သူပြေးရင်း ရိုက်ခဲ့တဲ့ သေနတ်သံတွေကြား လယ်ကွင်းမှာ ကလေးငယ်တွေနဲ့အတူ မိဘတွေ ထွက်ပြေးနေကြရတဲ့ ရုပ်သံဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အခုတော့ ဝေါလေဒေသက နယ်စပ် စစ်ရှောင်စခန်းတခုမှာ ခိုလှုံနေပါတယ်။

“ကျနော်တို့ အခု စစ်ရှောင်စခန်းမှာ လူပေါင်း ၃၀၀ လောက် အိမ်ခြေ ၁၀၀ ကျော်မယ်လို့ ထင်တယ်။ အခက်အခဲကတော့ အစားအသောက်နဲ့ ကလေးတွေအတွက် ပညာမသင်ရဘူး။ အခုလည်း လေယာဉ်နဲ့လာပြီး ပစ်ခတ်လို့ ကျနော်တို့လည်း ကြောက်နေရတယ်။ ကျောင်းတက်ဖို့ အဆင်မပြေဘူးလေ။”

သူ့ရွာဖြစ်တဲ့ ရသေ့ဂူရွာဆိုရင်လည်း စစ်ကောင်စီတပ်က နေရာယူထားတဲ့အတွက် ကျေးရွာသူကျေးရွာသားအားလုံး ထွက်ပြေးတိမ်းရှောင်နေရပြီး အခု ဝေါလေဒေသက စစ်ရှောင်စခန်းမှာ လာရောက်ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

ဒီနေ့အထိ လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက်လည်း စစ်ရှောင်တွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။

ကေအန်ယူ တပ်မဟာ ၆ နယ်မြေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေထဲက အခုရက်ပိုင်းမှာဖြစ်ပွားတဲ့ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်အများဆုံးအသုံးပြု တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့အထိလည်း နှစ်ဖက်အကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013