DVB Logo
Home
မြန်မာသတင်း
တရားစီရင်ရေးတွင် ရခိုင်ဒေသနေ မွတ်ဆလင်အချို့ကို အေအေတာဝန်ပေး
DVB
·
June 29, 2022
တရားစီရင်ရေးတွင် ရခိုင်ဒေသနေ မွတ်ဆလင်အချို့ကို အေအေတာဝန်ပေး
Donate to DVB

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) က တရားစီရင်ရေးအပိုင်းမှာ ရခိုင်ဒေသနေ မွတ်ဆလင်တွေကိုပါ တာဝန်ခန့်အပ်ပေးထားတယ်လို့ ရက္ခိုင်တပ်တော်ရဲ့ ထုတ်ပြန်ချက် ဗွီဒီယိုဖိုင်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကန္ဒ(ကင်းဒါး) မွတ်ဆလင်​ကျေးရွာမှာ စပါးကောက်လှိုင်း ၇၀၀ မီးရှို့ခံခဲ့ရတဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေတဲ့ ဗွီဒီယိုရုပ်သံကို အေအေက ထုတ်ပြန်လိုက်တာပါ။

အခုလို ရက္ခိုင်တပ်တော်က တရားစီရင်ရေးအပိုင်းမှာ ရခိုင်ဒေသက မွတ်ဆလင်တွေကိုပါ တာဝန်ခန့်အပ်ပေးထားတဲ့အပေါ် ဘူးသီးတောင်မြို့မှ မွတ်ဆလင်လူကြီးတဦးက “ပြဿနာတွေဖြစ်ခဲ့တဲ့ လူမျိုး နှစ်မျိုးကြားမှာ ပြန်လည်ပြီးတော့ အခုလို သင့်မြတ်လာသလို လူမျိုး နှစ်မျိုးလုံး ပေါင်းစပ်ပြီးတော့ အခုလိုအလုပ်တွေ လုပ်လာတာကိုတွေ့ရတော့ အလွန်မှ ဝမ်းသာပါတယ်” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ် မတိုင်မီက ရခိုင်နဲ့ မွတ်ဆလင်တွေ အတူနေထိုင်လာကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ် ပြဿနာတွေကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတာတွေ ပျက်စီးသွားခဲ့ရတယ်လို့ မောင်တောဒေသခံ မွတ်ဆလင်တဦးက ဆိုပါတယ်။

မောင်တောဒေသ လုပ်ငန်းရှင်တဦးက “အဲဒီလို ပြဿနာတွေမဖြစ်ဘဲ့ လူမျိုး နှစ်ခုလုံး အတူယှဉ်တွဲနေထိုင်ရင် ရခိုင်ပြည်နယ် မောင်တောခရိုင်က ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်” လို့ ပြောပါတယ်။

မောင်တောဒေသမှာ ရခိုင်နဲ့ မွတ်ဆလင်တွေ နှစ်ပေါင်းများစွာ အတူနေထိုင်လာကြပေမဲ့ ကြားက ပြဿနာတွေကြောင့် ပဋိပက္ခတွေ ဖြစ်ခဲ့ကြရပြီး အခုလို နှစ်ဖက် ပြေလည်မှုအတွက် အလွန်ဂုဏ်ယူမိကြောင်း ဒေသခံ မွတ်ဆလင်တွေက ပြောကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013