DVB Logo
Home
မြန်မာသတင်း
ဥကရစ်ထစခန်းကို KNDO၊ KNLA ပူးပေါင်းတပ်ဖွဲ့များက အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်
DVB
·
June 28, 2022
ဥကရစ်ထစခန်းကို KNDO၊ KNLA ပူးပေါင်းတပ်ဖွဲ့များက အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေမြိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ်ခြေကုပ်ယူထားတဲ့   ဥကရစ်ထစခန်းကို ဇွန်လ ၂၈ ရက် ဒီနေ့ ညနေ ၆ နာရီခွဲလောက်မှာ  အောင်မြင်စွာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီလို့ KNLA သတင်းရင်းမြစ်ကနေ သိရပါတယ်။

ဥကရစ်ထစခန်းကို KNLA၊ KNDO အထူးကွန်မန်ဒိုတပ်ရင်း VENOM စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်းတို့အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားနေရာမှာ စစ်ကောင်စီတပ်က မြေပြင်ကလက်နက်ကြီးတွေနဲ့ရော လေကြောင်းက ဂျက်လေယာဉ်နဲ့  လာရောက်ပစ်ကူပေးနေတဲ့အတွက် မသိမ်းပိုက်နိုင်ဘဲ ရှိနေရာက  ဒီနေ့ညနေမှာတော့ အောင်မြင်စွာ စခန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စခန်းကို သိမ်းပိုက်ရရှိပြီးနောက်  KNDO၊ KNLA ပူးပေါင်းတပ်တွေ အောင်ပွဲခံပေမဲ့  စခန်းရှင်းလင်းဖို့ကတော့  ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

တိုက်ပွဲကြောင့် အနီးနား ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံပြည်သူ ၂၀၀၀ လောက် ထိုင်းနိုင်ငံနယ်စပ်ကို စစ်ဘေးရှောင်နေကြပြီး အိမ်မပြန်နိုင်သေးသလို ပြောင်းစိုက်ရာသီချိန်ဖြစ်လို့ စိုက်ပြီးသားပြောင်းပင်တွေမှာ ပေါင်းမျက်ရှင်းလင်း မပြုလုပ်နိုင်သေးဘူးလို့ ပြောင်းစိုက် တောင်သူ တယောက်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုပ်စခန်းကို KNDO အထူးကွန်မန်ဒိုတပ်ရင်း စစ်ကြောင်းမှူး စောဝင်းမြင့် ဦးဆောင်တဲ့  VENOM စစ်ကြောင်းက ဇွန်လ ၂၅ ရက် ညကတည်းက စတင်ပြီး ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဘက်ရဲဘော်တွေ ကျဆုံးဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။

ဒီတိုက်ပွဲမှာ ရင်ဘတ်ကျည်ထိမှန် ကျဆုံးခဲ့တဲ့ CDM ဒုတပ်ကြပ် ဝေလင်းအောင်(ခ) ဇော်ဝင်းထွဋ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့သူရဲကောင်းဆု ချီးမြှင့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013