DVB Logo
Home
Lead Story
တက်ကြွလှုပ်ရှားသူ ကိုနန်းလင်း NED ချီးမြှင့်သည့် ၂၀၂၆ ဒီမိုကရေစီဆု တက်ရောက်ယူမည်
DVB
·
July 8, 2026
တက်ကြွလှုပ်ရှားသူ ကိုနန်းလင်း NED ချီးမြှင့်သည့် ၂၀၂၆ ဒီမိုကရေစီဆု တက်ရောက်ယူမည်
Donate to DVB

အမေရိကန်အခြေစိုက် အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့ (NED) က ချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ်အတွက် ဒီမိုကရေစီဆုကို လူငယ်တက်ကြွလှုပ်ရှားသူ ကိုနန်းလင်းက ကိုယ်စားတက်ရောက်ရယူသွားမယ်လို့ ဇူလိုင် ၈ ရက်က ထုတ်ပြန်ကြေညာပါတယ်။

NED က ချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ်အတွက် ဒီမိုကရေစီဆု (Democracy Award) ကို မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ဒီမိုကရေစီအရေး ကွန်ရက်ချိတ်ဆက် လှုပ်ရှားသူများ (Pro-democracy community organizers) ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုနန်းလင်းနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ စစ်အာဏာရှင်ရဲ့ ပြင်းထန်တဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ ကြားထဲကနေ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ ပြည်သူလူထုအခြေပြု ဆန္ဒပြပွဲတွေကို နည်းလမ်းပေါင်းစုံနဲ့ အားကောင်းမောင်းသန် ဆက်လက်ရှင်သန်အောင် ဦးဆောင်ကြိုးပမ်းနေကြတယ်လို့ NED က ထုတ်ပြန်ထားပါတယ်။

ဒီဆုနဲ့ပတ်သက်ပြီး ဆုကိုယ်စားတက်ရောက်ရယူမဲ့ လူငယ်တက်ကြွလှုပ်ရှားသူ ကိုနန်းလင်းက "ဒီဆုဟာ ကျနော်တယောက်တည်းအတွက် မဟုတ်ဘဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အသက်သွေးချွေး ပေးဆပ်နေကြတဲ့ ပြည်သူတွေအားလုံးနဲ့ ဆိုင်ပါတယ်" လို့ ပြောပါတယ်။

၂၀၂၆ ခုနှစ် ဒီမိုကရေစီဆု ပေးအပ်ပွဲအခမ်းအနားကို လာမဲ့ စက်တင်ဘာလအတွင်း ဂျော့ခ်ျဝါရှင်တန်ရဲ့ သမိုင်းဝင်အမှတ်တရနေရာ "မောင့်ဗာနွန်” မှာ ကျင်းပသွားမယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013