DVB Logo
Home
မြန်မာသတင်း
ကျဆုံးသွားသည့် CDM ဒုတပ်ကြပ် ၁ ဦးကို NUG က ပြည်သူ့သူရဲကောင်းဆု ချီးမြှင့်
DVB
·
June 27, 2022
ကျဆုံးသွားသည့် CDM ဒုတပ်ကြပ် ၁ ဦးကို NUG က ပြည်သူ့သူရဲကောင်းဆု ချီးမြှင့်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ်ရဲ့  ဥကရစ်ထခြေကုပ်စခန်းကို VENOM စစ်ကြောင်းနဲ့အတူ တိုက်ခိုက်သိမ်းပိုက်ရာမှာ ရင်ဘတ်ကျည်ထိမှန် ကျဆုံးခဲ့တဲ့ CDM ဒုတပ်ကြပ် ဝေလင်းအောင်(ခ) ဇော်ဝင်းထွဋ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့သူရဲကောင်းဆု ချီးမြှင့်လိုက်ပါတယ်။

ဒုတပ်ကြပ်ဝေလင်းအောင်(ခ)ဇော်ဝင်းထွဋ်ဟာ စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂ ရက်မှာ CDM စတင်ဝင်ရောက်ခဲ့ပြီး ရှေ့တန်းအထိပါ ပြည်သူနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး  ဇွန် ၂၆ ရက်မှာတော့ အသက်ပေးလှူ ကျဆုံးသွားခဲ့တာပါ။

သူဟာ အရာရှိသေနတ်အပါအဝင် သေနတ် ၂ လက်ယူဆောင်ကာ CDM ပြုလုပ်ခဲ့ပြီး အာဏာရှင်ကိုတော်လှန်ဖို့ ပြင်းပြတဲ့ ဆန္ဒကို မစွန့်လွှတ်ခဲ့ကြောင်းနဲ့ တိုင်းပြည်အတွက် CDM ဝင်ရုံသာမက စစ်အာဏာရှင်ကို အဆုံးထိတိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည် သူရဲကောင်း ဒုတပ်ကြပ် ဝေလင်းအောင် (ခ) ဇော်ဝင်းထွဋ်ကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ နယ်မြေ၊  ဝေါလေဒေသ စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုပ်စခန်းကို KNDO အထူးကွန်မန်ဒိုတပ်ရင်း VENOM စစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်နေရာမှာ ဇွန် ၂၇ မွန်းလွဲပိုင်းအထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုပ်စခန်းကို တိုက်ခိုက်ရာမှာ KNDO အထူးကွန်မန်ဒိုတပ်ရင်း စစ်ကြောင်းမှူး စောဝင်းမြင့် ဦးဆောင်တဲ့ VENOM စစ်ကြောင်းက ဇွန် ၂၆  မနက် ၅ နာရီကစတင်ပြီး ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဖက်ကျဆုံးမှုများပြီး တိုက်ပွဲတွေက ပြင်းထန်နေတယ်လို့ VENOM ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို အထူးကွန်မန်ဒို VENOM စစ်ကြောင်းနဲ့အတူ KNDO၊ ကော်ဘရာစစ်ကြောင်းကပါ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013