DVB Logo
Home
မြန်မာသတင်း
ထန်းတပင်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၃ ဦးသေပြီး ၇ ဦးဒဏ်ရာရ
DVB
·
June 22, 2022
ထန်းတပင်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၃ ဦးသေပြီး ၇ ဦးဒဏ်ရာရ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ တပ်မဟာ ၂ နယ်မြေ ထန်းတပင်မြို့နယ်၊ ရှားစေးဘိုနဲ့  ကစယ်ဒိုတောင်ခြေအရှေ့ဘက် ဆင်ကျကုန်းအနီးမှာ လှုပ်ရှားသွားလာနေတဲ့  စစ်ကောင်စီရဲ့ ခမရ - ၇၃ တပ်ရင်းကို ဇွန် ၂၀ ရက် မွန်းတည့် ၁၂ နာရီခွဲလောက်က KNLA က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ခမရ - ၇၃ တပ်ရင်း၊ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ကရင်အမျိူးသားလွတ်မြောက်ရေးတပ်မ‌တော်(KNLA)တပ်ရင်း ၆ တပ်ဖွဲ့ဝင်တွေက ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေပြီး၊ ၇ ဦး ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရစစ်သားတွေကို ရှားစေးဘိုစခန်းဆီပြန်လည်သယ်ဆောင်သွားတဲ့ လမ်းတလျှောက် ၄၀ မမဗုံးသီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံကျေးရွာသားတဦးက “စစ်တပ်က သူတို့စခန်းကနေထွက်ပြီး လှုပ်ရှားသွားလာနေတာ။ ဒါကြောင့် မိုင်းဆွဲတိုက်ခိုက်ခံရတာ။ ၃ ယောက်တော့သေသွားတယ်။ ၇ ယောက်တော့ဒဏ်ရာရလို့ သူတို့စခန်းကို ပြန်သယ်သွားတယ်။ ပြန်သယ်တဲ့လမ်းမှာပစ်သွားတာ တလမ်းလုံးပဲ။ စစ်တပ်က ရွာတွေမှာ လှုပ်ရှားနေတော့ ဒေသခံတွေအလုပ်လုပ်ရတာ အဆင်မပြေဘူး။ တိုက်ပွဲဖြစ်မှာလည်း စိုးရိမ်ရတယ်” လို့ ဆိုပါတယ်။

မေ ၈ ရက်က တပ်မဟာ ၂၊ KNDO တပ်ရင်း ၆ နယ်မြေအတွင်းက စစ်ကောင်စီရဲ့ ရှားစေးဘို၊ တောင်ကြီးနဲ့ ဘုံမ္မတီးတပ်စခန်းတွေကို အမြန်ဆုံးထွက်ခွာပေးဖို့နဲ့ အလားတူ ဧပြီ ၁၅ ရက်က KNDO တပ်ရင်း ၄ နယ်မြေအတွင်းက ကိုဒေး၊ ကီးချောင်းနဲ့ ၄၈ မိုင်တပ်စခန်းတွေ ၁၅ ရက်အတွင်း အပြီးတိုင်းထွက်ခွာပေးဖို့ အသိပေးစာထုတ်ပြန်ထားပေမယ့် ဒီကနေ့အထိ စခန်းဆုတ်ခွာသွားတာ မရှိသေးပါဘူး။

အဆိုပါတိုက်ခိုက်မှုကို KNLA တာဝန်ရှိသူဆီ ဆက်သွယ်မေးမြန်းရာမှာ ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ မကြာခဏတိုက်ခိုက်ခံရတာ၊ Siniper (စနိုက်ပါ) နဲ့ ပစ်ခတ်ခံရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဘက်က လက်နက်ငယ် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်လေ့ရှိသလို အင်းအားတိုးပိုမိုလှုပ်ရှားလာတာတွေကြောင့် နေ့စဉ်လိုလို KNLA တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

မေ ၄ ရက်မှ မေ ၁၈ ရက်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၂၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ KNDO တပ်ရင်း ၄ နယ်မြေအတွင်းက စစ်ကောင်စီရဲ့ သေအေ့ထာ၊ ကိုဒေး နဲ့ ဘောဂလိမြို့တပ်စခန်းတွေကို KNDO ရဲ့ စနိုက်ပါတပ်ဖွဲ့ဝင်တွေက ၁၅ ရက်အတွင်း ၆ ကြိမ် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူတာဝန်ရှိသူထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013