DVB Logo
Home
မြန်မာသတင်း
မြို့ပြ UG ကမ်ပိန်းမှ ကျပ်သိန်း ၇၈၀ ထိရရှိ၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းသို့ ထောက်ပံ့မည်
DVB
·
June 21, 2022
မြို့ပြ UG ကမ်ပိန်းမှ ကျပ်သိန်း ၇၈၀ ထိရရှိ၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းသို့ ထောက်ပံ့မည်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေကြတဲ့ မြေအောက်တော်လှန်ရေး UG ရဲဘော်တွေအတွက် “လှူပါကူပါကျပ်သိန်း ၇၅၀” ကမ်ပိန်း ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ကျပ်သိန်း ၇၈၀ ထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကမ်ပိန်းကိုတော့ သိပ်မကြာခင်ကပဲ “အညာမြေအတွက်သိန်းတစ်ထောင်” ကမ်ပိန်းကို လုပ်ဆောင်ခဲ့တဲ့ People Of Evolving Myanmar အဖွဲ့က ဦးဆောင်တာဖြစ်ပြီး မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံက Payment Gateway တွေကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထား ခဲ့တာပါ။

“UG Campaign သိန်း ၇၅၀ က ပြည့်ရုံမက ကျော်လွန်ပြီး သိန်း ၇၈၀ ရခဲ့ပါတယ်။ ရန်ကုန်အ တွက် သိန်း ၂၅၀၊ မန္တလေးအတွက် သိန်း ၂၅၀၊ စစ်ကိုင်း + မန္တလေး သိန်း ၂၅၀ ခွဲဝေ ထောက်ပို့သွား မှာ ဖြစ်ပြီး ပိုငွေတွေက အညာ PDF တွေအတွက် ဖြစ်ပါတယ်။ POEM က လုပ်သမျှ Campaign တွေ တခါမှ မကျရှုံးခဲ့တာဟာ အလှူရှင်တွေ၊ ကူအလှူခံပေးသူတွေနဲ့ POEM team ရဲ့ Volunteers တွေ ကျေးဇူးပါပဲ။ ဂျန်လီးတွေ၊ အုပ်ကြီးတွေ မြို့နေလူထုကို အနိုင်မကျင့်ဖို့ UG တွေက အမြဲ ရှိနေမှာပါ။”

 “လှူပါကူပါကျပ်သိန်း ၇၅၀” ကမ်ပိန်းကို ဇွန် ၁၁ ရက်ကနေ ၂၀ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ဒီကရရှိတဲ့ သိန်းရာဂဏန်း အများစုကို မြေပြင် စတင် ပို့ဆောင်နေပြီ ဖြစ်ကာ အလှူရှင်တွေအနေနဲ့ ကူနေမယ်ဆိုရင် UG တွေကို လစဉ် ထောက်ပို့နိုင်ကြောင်းလည်း ဖိတ်ခေါ်ထားတာပါ။

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပြင် မြို့ပြပျောက်ကျားရဲဘော်တွေ အတွက်လည်း ရန်ပုံငွေလိုအပ်ချက်တွေ မြင့်မားနေတာမို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ဖို့ အဘက်ဘက်က ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013