DVB Logo
Home
မြန်မာသတင်း
အခက်အခဲဖြစ်နေသည့် ပြည်သူနှင့် CDM ဝန်ထမ်းများကို လောင်းလုံးပအဖ ကူညီပေးမည်
DVB
·
June 20, 2022
အခက်အခဲဖြစ်နေသည့် ပြည်သူနှင့် CDM ဝန်ထမ်းများကို လောင်းလုံးပအဖ ကူညီပေးမည်
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် အခက်အခဲကြုံနေရတဲ့ ပြည်သူနဲ့ CDM ဝန်ထမ်းတွေကို ကူညီပေးသွားမယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လောင်းလုံးမြို့နယ်ကို စစ်ကောင်စီတပ် အင်းအားသုံး အကြမ်းဖက်ဖိနှိပ်နေမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၁၅၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “အကြမ်းဖက်စစ်တပ်က လောင်းလုံးမြို့နယ်ကို တော်လှန်ရေးလုပ်ငန်းတွေ ရပ်တန့်သွားတဲ့အထိ ဖိနှိပ်ဖို့ ကြိုးစားနေတယ်။ လူတွေကို ပစ်သတ်တယ်၊ အိမ်တွေကို မီးရှို့ဖျက်စီးတယ်၊ ပြည်သူတွေအိမ်ကို အကြောင်းမဲ့ ဖျက်ဆီးပြတယ်၊ ပြီးတော့ ပြည်သူတွေ ပိုင်ဆိုင်တဲ့ ရွှေငွေနဲ့ ပိုင်ဆိုင်မှုတွေကို လုယူတယ်။ ဒီအချိန်မှာ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ရန်ကို ကြောက်ရတော့ လုံခြုံမယ်ထင်တဲ့ နေရာတွေကို ရွှေ​ပြောင်းကြရတယ်” လို့ ပြောပါတယ်။

ပြည်သူနဲ့ CDM ဝန်ထမ်း တွေအတွက် စားနပ်ရိက္ခာ၊ ယာယီတဲတွေ၊ ဆေးဝါးတွေ၊ အရေးပေါ်ငွေကြေးထောက်ပံ့တာတွေ ဆောင်ရွက်နိုင်ဖို့ မြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့စည်းတွေ၊ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“ပြည်သူတွေ ခက်ခဲနေတဲ့အချိန် ပြည်သူအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ကူပေးနိုင်တာကို ကူပေးဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လူသားစာ၊ ရပ်ကျေးပအဖတွေကို အရေးပေါ် အခြေအနေတရပ်အဖြစ် တပ်လှန့်ပြီး လုပ်ဆောင်ကြဖို့ ပြည်သူတွေကို ကူပေးကြဖို့ ပြောထားပါတယ်” လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူနဲ့ CDM ဝန်ထမ်းတွေအနေနဲ့ အကူညီရယူလိုပါက သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့စည်းတွေနဲ့ ချိတ်ဆက်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အကူအညီ ရယူနိုင်တယ်လို့ ဆိုပါတယ်။

“ဒီအခြေအနေမှာ စားနပ်ရိက္ခာ ဆေးဝါး အပါအဝင် ငွေကြေးလိုအပ်ချက်တွေ ရှိလာရင် ကူပေးနိုင်ဖို့ မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အဆင်သင့် ပြင်ဆင်လုပ်ဆောင်ထားတယ်၊ အခုလည်း ကူပေးနေတယ်။ ဒါကို လူထုသိအောင် အသိပေးခြင်း ဖြစ်တယ်။” 

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကတည်းက လောင်းလုံးမြို့နယ်ကို စစ်ကောင်စီက ကြည်း၊ လေ၊ ရေ တပ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်ဖိနှိပ်ကာ PDF တွေကို တောနင်းရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013