DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသအတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းပြီးဆုံး၊ ကျပ်သိန်း ၅,၈၀၀ ကျော်ထိ ရရှိ
DVB
·
June 20, 2022
ကရင်နီဒေသအတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းပြီးဆုံး၊ ကျပ်သိန်း ၅,၈၀၀ ကျော်ထိ ရရှိ
Donate to DVB

ကရင်နီဒေသတိုက်ပွဲကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်”ကမ် ပိန်းပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ကျပ်သိန်း ၅,၈၀၀ ကျော်ထိ ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁၆ လကြာ ရှိလာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီးနှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ် ပါတယ်။

နွေဦးတော်လှန်ရေးတိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက ကရင်နီဒေသဟာ စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်စီးတိုက်ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်စီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီး မှုတွေက များပြားလာနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကရင်နီဒေသအတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းကို ပြီးခဲ့တဲ့ မေ ၂၆ မှာ စတင်လိုက်ပြီး ၂၁ ရက်တာအတွင်းမှာ သိန်း ၅၀၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားတာဖြစ်ကာ လတ်တလောမှာတော့ ပြည်သူတွေရဲ့ အင်တိုက်အားတိုက်ထည့်ဝင်ငွေတွေနဲ့အတူ ကျပ်သိန်း ၅,၈၀၀ ကျော်ထိ ရရှိ ခဲ့တာ ဖြစ်ပါတယ်။

“မမရဲ့ပထမဆုံး ကရင်နီပရောဂျက်အတွက် ပြည်သူ့ပံ့ပိုးမှု စုစုပေါင်းအလှူငွေသိန်း ၅,၈၆၀ ကျော် ရရှိခဲ့ပါတယ်။ ဒီမစ်ရှင်သည် ပြည်သူ့မစ်ရှင်ပါ… ပြည်သူပါလို့ အောင်တဲ့ပွဲဖြစ်ပါတယ်။ ဒီအတွက် အရမ်းကျေးဇူးတင်ပါတယ်။ နောက်ပရောဂျက်တွေကိုလဲ ပိုမိုပါဝင်ပေးကြဖို့ ကြိုတင် မေတ္တာ ရပ်ခံအပ်ပါတယ်။ တာဝန်ပိုကြီးလာသလို၊ မစ်ရှင်တွေလဲ ပိုပိုကြီးလာပြီဖြစ်လို့ ပြည်သူ့ပံ့ပိုးမှုက ဒီထက်ပိုမိုအရေးတကြီးလိုအပ်တာမို့ ဆက်လက်ကူညီပံ့ပိုးပေးကြပါဦးလို့။ မမကိုဆက်ချစ်ပေး၊ ပံ့ပိုးပေးနော်… မမကလဲ ပြည်သူ့ပေါ်ပေးထားတဲ့ကတိတည်ပါမယ်။”

ဒီကမ်ပိန်းမှာ စင်ကာပူ၊ မြန်မာ၊ မလေးရှား၊ အမေရိကန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ဂျာမနီ၊ ဩစတေးလျ၊ ထိုင်း၊ ဂျပန်၊ နယူးဇီလန်၊ ပြင်သစ်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ယူကေ၊ ထိုင်ဝမ်စတဲ့ နိုင်ငံအသီးသီးက ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေ အသီးသီးနဲ့ ဆက်သွယ်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားခဲ့ တာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကနေတဆင့် ပေးပို့ကူညီသွားမယ်လို့ ဆိုပါတယ်။

လတ်တလော ရရှိထားတဲ့ ရန်ပုံငွေကျပ်သိန်း ၅,၈၀၀ ကျော်ထဲမှာတော့ ပါဝင်လှူဒါန်းမှု အများဆုံးနိုင်ငံအဖြစ် စင်ကာပူနဲ့ မြန်မာနိုင်ငံက ပြည်သူတွေဖြစ်ပြီး အဲဒီနောက်မှာတော့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတွေက အစဉ်လိုက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့ ပြင်းထန်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013