DVB Logo
Home
မြန်မာသတင်း
အလုံမြို့စားသောက်ဆိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခံရ
DVB
·
June 18, 2022
အလုံမြို့စားသောက်ဆိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အလုံမြို့ရှိ၊ ဆွယ်တော်ဦးစားသောက်ဆိုင်မှာ သောက်စားနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန် ၁၇ ရက် မွန်းတည့် ၁၂ နာရီလောက်က လက်ပစ်ဗုံးနဲ့  ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့  ဒေသခံတွေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

အခုပစ်ခတ်တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တဲ  MACT ထောက်ပို့တပ် မြို့ပြ UGခေါင်းဆောင် ဗိုလ်ချမ်းက “အခုလို မစ်ရှင်ပြုလုပ်နိုင်ဖို့ ၃ ရက်အချိန်ယူ စောင့်ကြည်တာတွေ လုပ်ခဲ့တယ်။ ကျနော်တို့က ဒီစစ်ဆင်ရေးကို ၅/ဇီးကွက်စစ်ဆင်ရေးလို့အမည်ပေးပြီး အလစ်ဝင်ပစ်ခတ်ခဲ့တာ။ ဒီနေ့ ၄ ရက်မြောက်နေ့မှာ မစ်ရှင်ကို အကောင်အထည်ဖော်ခဲ့ရတယ်။ ပထမကတော့ လုပ်ပြီး ပြေးရတာဆိုတော့ စခဘက်က ဘယ်နှစ်ယောက်ကျတယ်ဆိုတာမသိခဲ့ဘူး။ နောက်ပိုင်း အလုံမြို့ပေါ် ရပ်ကျေး ပအဖအဖွဲ့ဝင်တွေစီ စုံစမ်းတော့ ၁၅ ဦးကျတယ်လို သိရတယ်”လို့ ပြောပါတယ်။

အလုံမြို့ပေါ် ဆွယ်တော်ဦး စာသောက်ဆိုင် လက်ပစ်ဗုံးနဲ့အပစ်ခံရတဲ့သတင်းကို စစ်ကောင်စီ ဘက်က ထုတ်ပြန်ထားတာ မရှိသေးသလို ပြည်သူကာကွယ်ရေးဘက်ကတော့ ၁၅ ဦး ကျဆုံး တယ်လို့ပြောဆိုပေမဲ့  သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အလုံမြို့နယ်ဟာ အနောက်မြောက်တိုင်း စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာဖြစ်ပြီး  အလုံတပ်မြို့တော်လို့လူသိများပါတယ်။ ဗုံးပေါက်ကွဲခဲ့တဲ့ စားသောက်ဆိုင်ကတော့ အလုံမြို့နယ်ရဲစခန်းနဲ့ အနီးဆုံးနေရာမှာရှိပါတယ် ။

“ပထမက လူသွားလူလာက ပုံမှန်အနေအထားပဲ။ အဲဒီထဲကနေ လူငယ်နှစ်ဦးလာပြီး လက်ပစ်ဗုံးနဲ့ ပစ်သွားတယ်။ အဲဒါလည်းဖြစ်ပြီးတော့ အသွားအလာတော့ကျဲသွားတယ်”လို့ စာသောက်ဆိုင်အနီး နေသူတစ်ဦးက ပြောပါတယ်။

ဆွယ်တော်ဦးစာသောက်ဆိုင်အတွင်းက စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲတဲ့အဖွဲ့ တွေဟာ MACT ထောက်ပို့တပ် မြို့ပြ UG ၊Monywa Nigtking၊ DRPAအဖွဲ့တို့ ပူးပေါင်လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013