DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်လအတွင်း ကန်ဒေါ်လာ ၁၅ သန်းကျော်သာ ဝင်ရောက်
DVB
·
June 17, 2022
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  နှစ်လအတွင်း ကန်ဒေါ်လာ ၁၅ သန်းကျော်သာ ဝင်ရောက်
Donate to DVB

၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလကနေ မေလအထိ ပထမ နှစ်လတာ ကာလအတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်သာ ဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရသိရပါတယ်။ 

ဧပြီလမှာ အမေရိကန်ဒေါ်လာ ၆ သန်း နီးပါးဝင်ရောက်ခဲ့ပြီး၊ မေလမှာ အမေရိကန်ဒေါ်လာ ၉ သန်း ကျော်သာ ၀င်ရောက်ခဲ့တာပါ။ အဲဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်တွေက ကာလတူအတွင်း ၀င်ရောက်မှုနဲ့ယှဥ်ရင် ၃ နှစ်အတွင်း ၀င်ရောက်မှု အနည်းဆုံးဖြစ်ပါတယ်။

အဆိုပါနှစ်လတာကာလအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၉ သန်းကျော်ရှိပြီး၊ စုစုပေါင်း ၀င်ရောက်မူရဲ့  ၆၀ ရာခိုင်နှုန်း နီးပါးရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမူက အမေရိကန်ဒေါ်လာ ၃ သန်းကျော် ရှိပြီး၊ စုစုပေါင်း၀င်ရောက်မူရဲ့ ၂၀ရာခိုင်နှုန်းကျော် ရှိပါတယ်။

နှစ်လအတွင်း မြန်မာနိုင်ငံကို တရုတ်၊ တိုင်ပေ၊ ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံတို့က ၀င်ရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ကြပြီး၊  ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အဓိက၀င်ရောက်ခဲ့ကြတာပါ။ အဲဒီကာလအတွင်းရေနံနှင့် သဘာ၀ ဓာတ်ငွေ့ကဏ္ဍအပါအဝင် ကျန်ကဏ္ဍ ၁၁ ခုမှာ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ခဲ့ခြင်း မရှိပါဘူး။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ၀င်ရောက်ထားပြီး နိုင်ငံတကာကုမ္ပဏီကြီးတွေကပြန်လည်ထွက်ခွာခဲ့ကြပြီး  လုပ်ငန်းအများစုကလည်း ရပ်တန့်နေခဲ့ပါတယ်။ ဒါကြောင့်  ပြည်တွင်းမှာ အလုပ် အကိုင်ရှားပါးမှုပြဿနာကလည်း  ကြီးထွားနေပါတယ်။ 

မြန်မာပြည်မှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေက နိုင်ငံရေးပြဿနာနဲ့ စီးပွားရေးပြဿနာကို တပြိုင်တည်း ရင်ဆိုင်နေရတာဖြစ်လို့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ မလွယ်ကူနိုင်ဘူးလို့  စီးပွားရေး လေ့လာသူ တွေက သုံးသပ်ထားကြပေမဲ့ စစ်ကောင်စီကတော့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို ထပ်မံဖိတ်ခေါ်နေဆဲပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013