DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသတိုက်ပွဲများတွင် တပတ်အတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး
DVB
·
June 16, 2022
ကရင်နီဒေသတိုက်ပွဲများတွင် တပတ်အတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး
1 / 3
Donate to DVB

ကရင်နီဒေသအတွင်း အခု ဇွန်လ ဒုတိယအပတ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်သား ၂၂ ယောက် သေဆုံးပြီး ကရင်နီရဲဘော်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဇွန် ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၂ ရက် ညတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က  ထိခိုက်ကျဆုံးသူ ၁၀ ယောက်ထက် မနည်းရှိခဲ့ပြီး လက်နက်ငယ် ၈ လက်နဲ့ ​​ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြပါတယ်။

ကရင်နီဒေသအတွင်း ဇွန်လ ၉ ရက်ကစလို့  နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်က ရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊  ရွာလုံး ကျွတ်နေအိမ်ကို  ဖောက်ထွင်း ယူငင်တာနဲ့ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြပါတယ်။

ဇွန်လ ၁၄ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်းရှိ နေအိမ် ၄ လုံးကို မီးရှို့ခဲ့ပြီး၊ ရွာလုံးကျွတ် နေအိမ်တွေကို ဖောက်ထွင်းတာအပါအဝင် ခရစ်ယာန်ဘုရားကျောင်းကို လက်နက်ကြီးနဲ့ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။

ဇွန်လ ၁၅ ရက်နေ့မှာလည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းတွေမှာ တပ်စွဲကာခဲ့ရာ သူတို့ ဆုတ်ခွာချိန်မှာ  ဘုရားကျောင်း၊ ဘုန်းတော်ကြီးနေအိမ်နဲ့ ဓမ္မာရုံတို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဇွန်လ ၁၄ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးသွားကြောင်းလည်း ဖော်ပြပါတယ်။

ဒီးမော့ဆိုမြို့တောင်ဘက် ၁၀ ကီလိုမီတာအနီး ဒေါညေးခူ ကျေးရွာက ဘုရားကျောင်းအပါအဝင် နေအိမ်တချို့ကို စစ်ကောင်စီတပ်တွေက  ဇွန် ၁၄ ရက်က  မီးရှို့ဖျက်ဆီးခဲ့ကြောင်း FREE BURMA RANGER အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒေါညေးခူအနေနီးတိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ကြီး ၁၂၂ မမ၊ ၉၀ မမ တွေကို အသုံးပြု တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေ ထိခိုက်ဒဏ်ရာရသလို ဘေးလွတ်ရာကို  ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒီတိုက်ပွဲအတွင်း  တပ်မ ၆၆က အဆိုပါ ဒေါညေးခူမှာ ဝင်ရောက်နေရာယူခဲ့ပြီးနောက် ဘုရားကျောင်းအပါအဝင် နေအိမ်တချို့ မီးရှိုဖျက်စီးခံခဲ့ရကြောင်း FBR က ဖော်ပြထားပါတယ်။

ကရင်နီပြည်မှာ ဇွန်လ ပထမအပတ်က ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာလည်း စစ်ကောင်စီတပ်သား ၂၆ ယောက် သေဆုံးခဲ့ကြောင်းလည်း ပြီးခဲ့တဲ့ ဇွန် ၈ ရက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013