DVB Logo
Home
မြန်မာသတင်း
NUG ပညာရေးဝန်ကြီးဌာန၏ မိုးရာသီ အားကစားပြိုင်ပွဲ စစ်ကိုင်းတိုင်းတွင်ကျင်းပ (ဓာတ်ပုံ)
DVB
·
June 14, 2022
NUG ပညာရေးဝန်ကြီးဌာန၏ မိုးရာသီ အားကစားပြိုင်ပွဲ စစ်ကိုင်းတိုင်းတွင်ကျင်းပ (ဓာတ်ပုံ)
1 / 22
Donate to DVB

NUG အစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ မိုးရာသီ အားကစားပြိုင်ပွဲကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ ဇွန်လ ၁၄ ရက်က ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေနဲ့ မိဘပြည်သူတွေ ပူးပေါင်းပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

NUG အစိုးရက ကြားကာလဖက်ဒရယ်ပညာရေးကို စတင် အကောင်အထည်ဖော်နေပြီး ပညာသင်ကြားရေးအပြင် အခုလို ကျန်းမာသန်စွမ်းရေး အားကစားပွဲတွေကိုလည်း ပြုလုပ်နေတာလို့ ကျောင်းကော်မတီဝင်တယောက် ပြောပါတယ်။

အခုလို ကျောင်းပြန်ဖွင့်ပြီး အားကစားပြိုင်ပွဲကျင်းပတဲ့အပေါ် ကျောင်းသူတဦးက " ပျော်လည်းပျော်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့လည်း ပြန်တွေ့ရလို့ အရမ်းပျော်ပါတယ်" လို့ပြောပါတယ်။

စစ်ကောင်စီကဖွင့်လှစ်နေတဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပြီး အန်ယူဂျီကျောင်းတွေမှာပဲ ဆက်လက် ပညာသင်ယူဖို့ ဆန္ဒရှိတယ်လို့လည်း ကျောင်းသူကျောင်းသားတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေအတော်များများမှာ စစ်ကောင်စီက စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ NUG အစိုးရအစီအစဉ်နဲ့ ကျောင်းတွေပြန်လည်ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013