DVB Logo
Home
မြန်မာသတင်း
စျေးကွက်ဝယ်လိုအားကောင်းသဖြင့် ဆန်၊ စပါးစျေး ထပ်မံမြင့်တက်လာ
DVB
·
June 13, 2022
စျေးကွက်ဝယ်လိုအားကောင်းသဖြင့် ဆန်၊ စပါးစျေး ထပ်မံမြင့်တက်လာ
Donate to DVB

ရန်ကုန်အပါအဝင် နယ်ဒေသတွေမှာ တောင်သူလက်ဝယ် စပါးလက်ကျန်လျော့နည်းလာချိန် စျေးကွက်ဝယ်လိုအား မြင့်တက်နေတာကြောင့်  ဆန်၊ စပါး စျေးနှုန်းတွေ ထပ်မံမြင့်တက်လာပါတယ်။

လတ်တလော ပြည်တွင်း၊ ပြည်ပ ဝယ်လိုအား မြင့်တက်နေတာကြောင့် ရန်ကုန် အပါအဝင် နယ်ဒေသတွေမှာ ဆန်လိုအပ်ချက် များလာပြီး အခုလို ဆန်နဲ့စပါးစျေးနှုန်းတွေ အမြင့်ဘက်ကို ထပ်မံဦးတည်လာတာပါ။

စက်ပိုင်နဲ့ ကုန်သည်တွေက စပါးရရှိအောင် စျေးပေးဝယ်ယူတာတွေ ရှိနေတယ်လို့ သိရပြီး အထူးသဖြင့် ဆန်ကြမ်းစပါးစျေး ပိုမို စျေးမာနေတာ ဖြစ်ပါတယ်။

“ဆန်ကြမ်းစပါးရှားပြီး ဝယ်လိုအားများနေတော့ စျေးတွေတက်နေတာ” လို့ ဆန်ကုန်သည်တဦးက မှတ်ချက်ပြုပါတယ်။

နိုင်ငံတကာစျေးကွက်မှာ ဆန်၀ယ်လိုအားနဲ့ စျေးမြင့်တက်‎နေချိန် ပြည်တွင်းမှာလည်း စပါးအထွက်နှုန်း လျော့ကျနိုင်တဲ့ အခြေအနေ၊ အဆမတန် မြင့်တက်နေတဲ့ စိုက်ပျိုးစရိတ်၊ အရင်းနှီးတွေကြောင့် ဆန်စျေး၊ စပါးစျေး စျေးအမြင့်မှာပဲ ရှိနေခဲ့တာပါ။

ဒါ့အပြင် လျှပ်စစ်မီး ပုံမှန်မရလို့  ဆန်စက်တွေကို လောင်စာဆီအသုံးပြုပြီး လည်ပတ်နေရတာကလည်း  ပြည်တွင်းဆန်စျေးကို မြင့်တက်လာစေပါတယ်။

ဧရာကုန်သွယ်မှုဗဟိုဌာနက ထုတ်ပြန်တဲ့ စျေးနှုန်းစာရင်းအရ ဧရာဝတီတိုင်း စျေးကွက်မှာ ပေါ်ဆန်းစပါးစျေးနှုန်းက မြို့နယ်အလိုက် ၄၆ ပေါင် စပါးတင်း ၁၀၀ ကို ကျပ် ၁၁ သိန်း ၃ သောင်းကျော်ကနေ ၁၂ သိန်း ၁ သောင်းကျော်အထိရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်စျေးနှုန်းထက် တင်းတရာကို  ကျပ်  ၂ သောင်း ဝန်းကျင် ထပ်မံမြင့်တက်လာပါတယ်။

ဧည့်မထစပါးစျေးနှုန်းကလည်း မြို့နယ်အလိုက် တင်း ၁၀၀ ကို ကျပ် ၇ သိန်း ၄ သောင်းကျော်ကနေ ၈ သိန်းခွဲကျော်အထိရှိပြီး၊ တပတ်အတွင်း ၂ သောင်းကနေ ၃ သောင်းဝန်းကျင် မြင့်တက်လာပါတယ်။

ရန်ကုန် ဆန်စျေးကွက်မှာလည်း  တပတ်အတွင်း ဆန်တအိတ်ကို ကျပ် ၅၀၀ ကနေ ကျပ် ၃၅၀၀ ကြားအထိ စျေးထပ်မံမြင့်တက်လာတာပါ။

နိုင်ငံတကာ ဆန်ဝယ်လိုအားကောင်းနေပြီး ပြည်တွင်းမှာ စပါးအထွက်နှုန်းလျော့ကျနိုင်တဲ့ အခြေအနေကြောင့် စပါးစျေးအကျထက် အတက်ဘက်ကိုသာ ဦးတည်နိုင်တယ်လို့ စျေးကွက်လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

မြန်မာ့ဆန်နဲ့ ဆန်ကွဲကို တရုတ်၊ ဘယ်ဂျီယံ၊ ဖိလစ်ပိုင်၊ စပိန်၊ ကင်မရွန်း၊ အိုင်ဗရီကို့၊ ပိုလန်၊ နယ်သာလန်နိုင်ငံတွေကို အဓိကအများဆုံး တင်ပို့ရောင်းချနေပြီး ၂၀၂၂ ရဲ့ ပထမ ၅ လအတွင်း ပြည်ပကို ဆန်နဲ့ ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁ သန်းကျော် တင်ပို့ထားပြီး ဧပြီလနဲ့ ဇန်နဝါရီလမှာ တင်ပို့မှု အားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013