DVB Logo
Home
မြန်မာသတင်း
ကရင်နီ(ကယား)ပြည်နယ် တိုက်ပွဲတွင် တပတ်အတွင်း စစ်ကောင်စီ တပ်သား ၂၆ ဦးသေဆုံး
DVB
·
June 8, 2022
ကရင်နီ(ကယား)ပြည်နယ် တိုက်ပွဲတွင် တပတ်အတွင်း စစ်ကောင်စီ တပ်သား ၂၆ ဦးသေဆုံး
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်အတွင်း ဇွန်လ ပထမရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကော်စီတပ်သား ၂၆ ဦး သေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဘက်က ၁ ဦး ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဇွန် ၈ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ 

ဇွန် ၂  ရက်ကစပြီး လွိုင်လင်လေးမြို့နယ်၊ ထီးစဲခါးအုပ်စု၊ လင်ဖုံကြီးနဲ့ ကုန်းမှီကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ် နေအိမ်တွေ မီးရှိုခဲ့တဲ့အပြင်  ရွာဝေါကို လက်နက်ကြီးတွေနဲ့ တနေကုန်နီးပါး ပစ်ခတ်ခဲ့ပါတယ်။ 

ဇွန် ၄ ရက်မှာ  လွိုင်ကော်မြို့ဘက်ကန ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီနဲ့  သေးဆူလဲကျေးရွာမှ  ဟိုဖိတ်ကျေးရွာဘက်ကို စစ်ကြောင်းနှစ်ကြောင်းထိုးတာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဇွန် ၅ ရက်မှာ စံပြ ၆ မိုင်ကျေးရွာထဲက နေအိမ်တွေမှာ ခိုအောင်းနေတဲ့ စစ်ကောင်စီတပ်ကို KNDFက တိုက်ခိုက်ခဲ့သလို ဇွန် ၆ ရက်မှာလည်း ဒေါခလိုက်လင်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို KNDF က ထပ်မံတိုက်ခိုက်ခဲ့ရာ၊  တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDF က ထုတ်ပြန်ထားပါတယ်။ 

ဖရူဆိုမြို့နယ်မှာလည်း ဘောလခဲမှ ဖရူဆိုသို့ ဦးတည်လာတဲ့ စစ်ကောင်စီယာဉ် အစီး ၄၀ ပါ ထောက်ပို့ယာဉ်တန်းကို ဇွန် ၁ ရက်မှ ၃ ရက်အထိ ကရင်နီပူးပေါင်းတပ်တို့မှ လောကျေခူနဲ့ မာခရော်ရှေးကျေးရွာမှာ တိုက်ခိုက်လို့   ယာဉ် ၃ စီး မီးလောင်ခဲ့ပြီး၊ KNDF က လက်နက်တချို့နဲ့  ယာဥ် ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ 

မနေ့ ဇွန် ၇ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ လွိုင်ကော်ဘက်ကနေ ရှမ်းကယားနယ်စပ် မိုးဗြဲမြို့ဘက်ကို စစ်ကြောင်းလာတဲ့အတွက် မိုးဗြဲမြို့အဝင်နားမှာ ကရင်နီပူးပေါင်းတပ်တွေနဲ့ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်က မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲပြီး၊ ရပ်ကွက်နေပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုကာ မိုးဗြဲမြို့ထဲသို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၂ ဦး သေဆုံးကာ  ၃ ဦး  ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒီကနေ့မှာလည်း လွိုင်ကော်မြို့အဝင် ဆိုင်းဘုတ်အနီး မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက  ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013