DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသအတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းမှ ကျပ်သိန်း ၁၈၀၀ ကျော်ရရှိထား
DVB
·
June 5, 2022
ကရင်နီဒေသအတွက်  “မမများနဲ့ပွဲကမယ်”ကမ်ပိန်းမှ ကျပ်သိန်း ၁၈၀၀ ကျော်ရရှိထား
Donate to DVB

ကရင်နီဒေသတိုက်ပွဲကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းကနေ ၉ ရက်အတွင်း ကျပ်သိန်း ၁၈၀၀ ကျော်ရရှိထားတယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁၅ လကြာ ရှိပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီးနှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးတိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက ကရင်နီဒေသဟာ စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်စီးတိုက်ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်စီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီးမှုတွေက များပြားလာနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကရင်နီဒေသအတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းကို ပြီးခဲ့တဲ့ မေ ၂၆ မှာ စတင်လိုက်ပြီး လာမယ့် ဇွန် ၁၅ ရက်အထိ ၂၁ ရက်တာအတွင်းမှာ သိန်း ၅၀၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားတာဖြစ်ကာ လတ်တလောမှာတော့ ပြည်သူတွေရဲ့ထည့်ဝင်ငွေ ၃၆ ရာခိုင်နှုန်းနဲ့ သိန်း ၁၈၀၀ ရရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကမ်ပိန်းမှာ ပါဝင်ပြီးတော့ အလှူငွေထည့်ဝင်ကူညီချင်တယ်ဆိုရင်တော့ စင်ကာပူ၊ မြန်မာ၊ မလေးရှား၊ အမေရိကန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ဂျာမနီ၊ ဩစတေးလျ၊ ထိုင်း၊ ဂျပန်၊ နယူးဇီလန်၊ ပြင်သစ်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ယူကေ၊ ထိုင်ဝမ်စတဲ့ နိုင်ငံအသီးသီးက ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေ အသီးသီးနဲ့ ဆက်သွယ်နိုင်မှာဖြစ်ကာ ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကနေတဆင့် ပေးပို့ကူညီသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ ပြင်းထန်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013