DVB Logo
Home
မြန်မာသတင်း
ဖာပွန်တိုက်ပွဲများ၌ မေလအတွင်း တပ်ရင်းမှူး ၂ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၃ ဦးသေ
DVB
·
June 4, 2022
ဖာပွန်တိုက်ပွဲများ၌ မေလအတွင်း တပ်ရင်းမှူး ၂ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၃ ဦးသေ
Donate to DVB

ကေအန်ယူ တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်မှာ မေလအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲပေါင်း ၃၄၀ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၃ ဦးသေဆုံးပြီး ၁၀၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့  ကေအန်ယူက ဇွန် ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီ တပ်ရင်းမှူး ၂ ဦးအပါအဝင် ၁၄၃ ဦးသေဆုံးပြီး တပ်ခွဲမှူးအပါအဝင် ၁၀၈ ဦးဒဏ်ရာရရှိခဲ့သလို KNLA ဘက်က စစ်သည် ၁ ဦးကျဆုံး  ၇ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ထောက်ပို့မြင်းလား ၂၉ ကောင်ကို သတ်ဖြတ်နိုင်ခဲ့သလို ၄ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ ရုံးအဆောက်အအုံ ၁ လုံးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ အမြောက်လက်နက်ကြီးကျည် ၁၀၆ လုံးကို  KNLA တပ်ဖွဲ့တွေရှိရာ ရမ်ပစ်ခတ်ခဲ့တဲ့အပြင် အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေနဲ့ ဥယာဉ်ခြံမြေတွေအတွင်းကို တမင်ရည်ရွယ်ကာပစ်ခတ်ခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြအတွင်း စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ နယ်မြေကျော်ဝင်ရောက်လာတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို ကျေးရွာတွေအတွင်းကို လက်နက်ကြီးပစ်ခတ်တာတွေအပြင် လေယာဉ်ကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေ ၇၀,၀၀၀ ကျော် တော၊ တောင်၊ လျှိုမြောင်တွေနဲ့ နယ်စပ်သောင်းရင်းမြစ်တလျှောက်မှာ စစ်ဘေးရှောင်နေရပါတယ်။

မိုးကာလရောက်ရှိလာပြီးဖြစ်တဲ့အတွက် ကေအန်ယူ ထိန်းချုပ်နယ်မြေတွင်းက စစ်ဘေးရှောင်တွေဟာ စားရိက္ခာ၊ သောက်ရေသန့်၊ လုံခြုံတဲ့ အဆောက်အအုံလိုအပ်ချက်တွေ ရှိနေတဲ့အပြင် ရောဂါဖြစ်ပွားနေသူတွေကို လတ်တလော ဆေးဝါးကုသမှုပေးနိုင်ဖို့ အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကော်သူးလေ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ (KDHW) အတွင်းရေးမှူး စောလာစဲက ပြောပါတယ်။

အထူးသဖြင့် သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ(၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ မြိတ်ထားဝယ်ခရိုင် တပ်မဟာ (၄)၊ ဖာပွန်(မူတြော်)ခရိုင်တပ်မဟာ (၅) နယ်မြေတွေဟာ သွားရေးလာရေးခက်ခဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် စားရိက္ခာနဲ့ အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013