DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတပ်ဂိတ်၌ အရက်မူးပြီးအိပ်ပျော်နေသည့် စစ်ကောင်စီတပ်သားထံမှ သေနတ် ၁ လက် PDF ရရှိ
DVB
·
June 1, 2022
ပခုက္ကူတပ်ဂိတ်၌ အရက်မူးပြီးအိပ်ပျော်နေသည့် စစ်ကောင်စီတပ်သားထံမှ သေနတ် ၁ လက် PDF ရရှိ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ စစ်ကောင်စီတပ်တခုရဲ့ ဂိတ်ပေါက်ဝမှာ မေ ၂၉ ရက်ညက ကင်းစောင့်နေတဲ့ စစ်သားတွေ အရက်မူးပြီး အိပ်ပျော်နေလို့ MA1 သေနတ်တလက်ကို   မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MC-KC PDF က ကောက်ယူခဲ့တယ်လို့ MC-KC PDF ပြန်ကြားရေးတာဝန်ခံ G3 က ဒီဗွီဘီကို ပြောပါတယ်။

“စစ်(...) နှစ်ကောင်က စစ်တပ်ဝင်ပေါက်ဝက ဂိတ်မှာ အရက်မူးပြီး အိပ်ပျော်နေတာ။ သူတို့ကို သတိထားပြီး စောင့်ကြည့်နေခဲ့တာဗျ။ အဲဒီမှာ သေနတ်နဲ့လည်း ဝေးနေလို့ ကျနော်တို့ဆီက ရဲဘော်တွေ လမ်းကြုံတာနဲ့ MA1 သေနတ်တလက်၊ ကျည်ဆန် ၇ တောင့်နဲ့ ကျည်အိမ်တခု ကောက်ယူရရှိခဲ့တာဗျ။ သေနတ်ယူလို့ မလွယ်ကူမှာစိုးလို့ သူတို့ကိုတော့ ဘာမှမလုပ်ခဲ့ဘူး။”

ပခုက္ကူမြို့နယ် မြစ်ခြေ-စဘေလမ်းပိုင်းမှာ မေ ၂၈ ရက် ညနေပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းကို မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MC-KC PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ MC-KC PDF ကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013